ဒေါက်.. ဒေါက် ...
" အကို "
"..... "
" အကို "
ကျွီ ......
" အင်း "
" မနက်စာ စားရအောင်လေအကို ကျွန်တော်ပြင် ထားပေးတယ် "
" မစားချင်သေးဘူး "
" အဲလိုမလုပ်ပါနဲ့အကိုရာ စားရအောင်ပါနော် "
သူရိန် ထက်မြတ်ကိုရအောင်ခေါ်နေမိသည်။
လန်ဒန်ကို ပြန်ရောက်ပြီး ၁ပတ်လုံးအကိုက အခန်းပြင်သိပ်မထွက်။ဒီကြားထဲအလုပ်ကိုပါ စိတ်မပါပဲရအောင်လုပ်နေသောအကိုကြောင့် ဆက်နောင်အားပြောကာ အေးဆေးနားခိုင်းထားရ၏။ ခုလဲ မနက်စာမစားဘူးလုပ်နေပြန်သည်။ထိုကိစ္စပြီးတဲ့နောက်ပိုင်း အကိုက သူ့အပေါ်အ
ရင်လောက်မခါးသီးတော့ပေ။သူစကားပြောပြန် လျှင်အေးဆေးပြန်ပြောပြီး ထမင်းချက်ကျွေးလျှင်လဲသိပ်မငြင်းတော့ပါ။" နော် အကို ... "
" အင်းအင်း "
" ဒီလိုမှပေါ့ အကိုက လိမ္မာလိုက်တာ "
အကိုက ဘာမှပြန်မပြောပေမဲ့ မျက်လေးထောင့်ကပ်ကြည့်လာသဖြင့် သူရိန် စပ်ဖြဲဖြဲဖြင့်ရီပြကာ မီးဖိုခန်းဘက်ထွက်လာလိုက်၏။
သူရိန်ပြင်ပေးသော မနက်စာကို ထက်မြတ်အေးဆေးစွာပင်စားနေ၏။ဘာစကားတော့မဆိုပေ။
" အကို "
ထက်မြတ် တစ်ချက်သာ မော့ကြည့်၍ ဘာလဲဆိုသောသဘောဖြင့်မေးဆတ်ပြလိုက်သည်။
" ဒီနေ့အိမ်ပြန်နောက်ကျမယ်နော် အလုပ်နဲနဲရှုပ် မှာမို့ "
" အင်း အဆင်ပြေတယ်မို့လား ငွေစျေးကရော ဘယ်လိုလဲ "
" အကုန်အဆင်ပြေပါတယ် မနေ့ကဝယ်ထားတာနဲနဲများသွားလို့ ဒီညအခြေအနေလေးစောင့်
ကြည့်ရမှာမို့လေ "" အင်း ငါဘယ်နေ့အလုပ်ပြန်ဝင်ရမလဲ "
ထက်မြတ်ဆီမှ ငါလို့ အသုံးခံရတိုင်း သူရိန်ရင် ထဲမကောင်းပေ။ သို့ပေမဲ့လဲ ဘယ်တတ်နိုင်မလဲ။
" အကိုအေးဆေးနားပါ စိတ်အဆင်ပြေတဲ့အချိန် ထိပေါ့ "
"ဒါပေမဲ့ ငါအလုပ်မလုပ်လို့မရဘူးသူရိန် မင်းက အလုပ်ရှင်ဆိုပေမဲ့ ငါကဝန်ထမ်းလေ ငါ့မိသားစုကငါ့ကိုပဲအားကိုနေရတာ ငါအလုပ်လုပ်မှဖြစ်မယ် "
YOU ARE READING
My Property (complete)
Romance"သက်ထက်မြိုင်" စံအိမ်ကြီးရဲ့သခင်လေး အသက်၁၅ နှစ်အရွယ် မာန်ဆက်နောင်ကို ဆိုးလွန်းလို့ ထိန်းကျောင်းရန်အတွက် ရေးစစ်သွင်ဆိုတဲ့အထိန်းတော် တစ်ယောက် ရောက်ရှိလာပါတယ်။ သခင်လေးနဲ့အထိန်းတော် ဘယ်လိုတွေစခန်းသွားမလဲ emma နဲ့အတူ လိုက်ပါ စီးမျောလိုက်ရအောင်နော်❤️ Star...