အပိုင်း(၂၁) zawgyi

4.5K 73 1
                                    

ခေါင်းတစ်ခုလုံးမူးနှောက်နေပြီးအာခေါင်သည် လဲ ခြောက်ကပ်နေလေသည်။ ဆက်နောင်နားထင် အားလက်ညှိးဖြင့် ဖွဖွဖိကာ ထထိုင်လိုက်
သည်။ ရေဆာလွန်းသဖြင့် ကုတင်ဘေးစားပွဲပေါ်က ဖန်ရေအိုးလေးထဲက ရေကိုခွက်ထဲထည့်သောက်လိုက်သည်။ နာရီကိုလှမ်းကြည့်လိုက် တော့ မနက်ခင်း ၇နာရီသာရှိသေးသဖြင့် ဆက်နောင်ပြန်အိပ်ဖို့လုပ်လိုက်သည်။ သို့ပေမဲ့
ချက်ချင်းအိပ်မပျော်ပဲ မနေ့ညက အကြောင်းတွေတွေးမိလိုက်သည်။

" မနေ့က ကိုကိုနဲ့ အကြာကြီး နမ်းခဲ့ရတယ် အားး ပျော်လိုက်တာ ကွာ ရူးတော့မှာပဲရင်တွေခုန်တယ်"

" ကိုကို နှုတ်ခမ်းတွေက သိပ်ချိုတာပဲ အမြဲနမ်းရရင်ကောင်းမယ် "

" ကိုကိုက ငါနဲ့နမ်းတယ်ဆိုတော့ လက်ခံလိုက်တဲ့သဘောလား "

" ဟင်နေအုန်းငါကပဲနမ်းပြီး ကိုကိုက ပြန်မနမ်းဘူးလေ ၊ ဒါပေမဲ့ ငါနမ်းတာကို မရုန်းဘူးဆိုတော့ ငါ့ကို လက်ခံလိုက်တာလား "

" အားးး ရူးတော့မယ် "

ဆက်နောင်တစ်ယောက်ထဲရေရွတ်ကာ မွေ့ယာပေါ်တွင်လူးလိမ့်နေတော့သည်။ မျက်နှာကြီးကလဲပြုံးဖြီးလို့အူမြူးနေလေသည်။

" ဒီချိန်ဆိုကိုကို နိုးလောက်ပြီ ဘယ်လိုမျက်နှာ
ခြင်းဆိုင်ရမလဲကွာ ရှက်လိုက်တာ "

ဆက်နောင်တစ်ယောက် ကုတင်ပေါ်တွင် ဟိုဘက်လိမ့်လိုက် ဒီဘက်လိမ့်လိုက်နဲ့ လျှောက်တွေးနေပြန်သည်။ အစ စစ်သွင်ဆီသွားမယ်စဉ်းစားလိုက်ပေမဲ့ သူ့ကို လာနိုးမဲ့ အချိန်ကိုပဲစောင့်ချင် သဖြင့် ခနပြန်အိပ်ဖို့သာ စဉ်းစားလိုက်တော့
သည်။

ဆက်နောင် ခနဆိုပြီး အိပ်လိုက်တာ နိုးလာတော့ နေ့လည် ၁၁ပင်ရှိသွားလေပြီ ။ သူဒီချိန်ထိအိပ် တာတောင် စစ်သွင်လာမနိုးခြင်းကိုတစ်မျိုးဖြစ် သွားပေမဲ့ ကျောင်းပြီးသွားလို့ လွတ်လပ်ခွင့်ပေးထားသည်ဟုထင်ကာများများမတွေးလိုက်ပါ။ ညက မူးထားတဲ့အရှိန်ကြောင့်ရော ဒီချိန်ထိအိပ် လိုက်မိတာကြောင့်ရောပေါင်းပြီး လူက နုံးနေ
သဖြင့် ရေအရင်ချိုးရန်သာပြင်လိုက်
တော့၏ ဆက်နောင်ရေချိုးခန်းထဲရောက်တော့ ပုံမှန်မြင်နေကျ အဆင်သင့်ပြင်ထားတော့သွားတိုက်တံကို မတွေ့ရသဖြင့် မျက်မှောင်ကျုံ့မိသွားလေသည်။

My Property (complete)Where stories live. Discover now