အပိုင်း(၁၁) uni

24.8K 1.2K 114
                                    

စစ်သွင်တို့ အိမ်ပြန်ရောက်သည်အထိ ဆက်နောင်က သူ့လက်ကိုလွတ်မပေးသေးပေ။လက်ကောက်ဝတ်မှဆုပ်ကိုင်ထားသမျှ နဂိုကတည်းက အသားနုသူ မိမိမှာ နာလာရသည်။

" ဆက်နောင် ကိုယ့်လက်ကို လွတ်ပါအုံး နာနေပြီ"

ထိုအခါမှ ဆက်နောင်သတိရကာ

" အာ sorry အရမ်းနာသွားလား "

" အင်း နဲနဲ "

ထိုစဉ် ဦးမြင့်ကအနားရောက်ပြီး

" ငါ့တူလေး ပြန်ရောက်ပီလား ဦးမြင့်တို့ကသတိရနေတာ ငါ့တူပြန်ရောက်မှပဲ နားအေးတော့မယ် မဟုတ်ရင် သားငယ်က အဲဘက်ခြံကို အပေါ်ထပ်ခေါင်မိုးမှန်ဘီလူး တစ်ခုနဲ့ လိုက်
ကြည့်နေလို့ ပြုတ်ကျမှာစိုးနေရပါတယ်ကွယ် "

" ဟာ ဦးမြင့် ဘယ်သူက မေးနေလို့လဲဗျာ
ပြီးတော့ ဘယ်သူက ကြည့်နေလို့လဲ ကိုယ့်ဘာသာကို ရူခင်း ... အင်းဟုတ်တယ် ရူခင်းကြည့်တာ "

ဦးမြင့်ကတော့ ဆက်နောင်ရှက်ရမ်းရမ်းပြီးပြောနေသည်ကို ပြုံးစိပြုံးစိဖြင့်သာ ၊ စစ်သွင်ကတော့ ဦးမြင့်ကို တစ်လှည့် ဆက်နောင် ကို တစ်လှည့်ကြည့်ပြီး ကြောင်တောင်တောင်ဖြစ်နေသည်။ 

ဆက်နောင်ကတော့ ရှက်လွန်းလို့ သူ့မျက်နှာကို တစ်နေရာရာမှာသွားဖွတ်ထားလိုက်ချင်ပီလေ။

" ဦးမြင့် သူကဘာတွေကြည့်နေတာလေ "

" သားကိုပေါ့ စစ်သွင်ရယ် ဟိုရက်တွေကဆို
သူရိန်ခြံရှေ့ထိပါရောက်တယ် "

" ဟာဗျာ ... ဦးမြင့် ဟာဗျာ ... ကျွန်တော်အပေါ်တက်ပြီဗျာ "

ဦးမြင့်ကတော့ ခေါင်းတစ်ခါခါဖြင့်သာ ထွက်သွားလေသည်။ စစ်သွင်ကလဲ ခုမှနားလည်သွားရသည်။ ဒီနေ့တော့သူ့မှာအံ့ဩပြီးရင်းအံ့ဩနေရသည်။ ကောင်လေးကရှက်ရမ်းရမ်းကာအိမ်ပေါ်တက်မည်လုပ်တော့ စစ်သွင်က ရပ်သာကြည့်နေစဉ် လှေကား ၃ ထစ်လောက်
တက်ရသေးသော ဆက်နောင်က ပြန်လှည့်ကြည့်ပြီး

" ဟို ..."

" အင်း "

" အကို့အဝတ်စားတွေကို ထက်မြတ်ယူလာလိမ့်မယ် အဲကိုပြန်မသွားနဲ့တော့နော် "

My Property (complete)Where stories live. Discover now