အိမ်ပြန်ရောက်တာနဲ့ သူရိန်ကို ဧည့်ခန်းတွင်
ထိုင်ခိုင်းခဲ့ပြီး သူကတော့မီးဖိုချောင်ထဲသွားကာ အအေးတစ်ခွက်ငဲ့ခဲ့လိုက်သည်။ ငိုထားရတာ့မောနေရောပေါ့ ။" ရော့ နေနေ သောက်လိုက်အုံး "
" ဟုတ် "
သူရိန်သောက်ပြီးတာနဲ့ ခွက်လေးလှမ်းယူကာ စားပွဲပေါ်တင်လိုက်ပြီး ဘေးတွင်ဝင်ထိုင်လိုက်၏။
" ထပ်မငိုရတော့ဘူးနော် နေနေ "
လက်လေးကို ဆုပ်ကိုင်၍ ချော့မြူသလိုလေးပြောလိုက်၏။
" ဟုတ် "
" ကိုယ်ကလေ မင်းလေးကို သိပ်ချစ်မိနေတာမို့ ပျော်လို့ငိုတဲ့မျက်ရည်ကတောင် ကိုယ့်အတွက် နာကျင်ရတယ်ဆိုတာ သိထားပေး "
သူရိန်က ထက်မြတ်ပခုံးပေါ် ခေါင်းလေးမှီရင်း ခေါင်းငြိမ့်ပြသည်။
" နှင်းဝတီနဲ့ ကိစ္စလဲ စိတ်ထဲထည့်မနေနဲ့နော်
ကိုယ်က နေနေကလွဲရင် ဘယ်သူမှစိတ်ထဲရှိမနေဘူး ခုကိစ္စမပြောပြတာကလဲ အလကား စိတ်ရှုပ် နေရမှာစိုးလို့ပါ ကျန်တာဘာမှမရှိဘူး "" ကျွန်တော် အကို့ကို ယုံပါတယ် ပြီးတော့
နောက်ခါမငိုတော့ဘူးနော် အကိုစိတ်မကောင်း
မဖြစ်ပါနဲ့ "" လိမ်မာလိုက်တာ ကိုယ့်ကောင်လေးက "
ထက်မြတ်က ငုံ့ကာ နဖူးလေးကို နမ်းလိုက်၏။
သူရိန်ကလဲ ပခုံးပေါ်မှီနေရင်း မော့ကြည့်ကာ" နောက်ခါ သူနဲ့လုံးဝမတွေ့တော့နဲ့နော် အကို့ကို ယုံပေမဲ့ သဝန်တိုတယ် "
" ဟုတ်ပြီဗျာ လုံးဝမတွေ့ဘူး "
" ပြီးတော့ နောက်ဆို ဘာပဲနေနေ ကျွန်တော့်ကို ဖုံးကွယ်မထားပဲ ပြောပြရမယ် "
" ကောင်းပါပြီဗျာ "
" ပြီးတော့လေ ကျွန်တော့်ကို ပိုပိုပြီး ချစ်ပေးရ
မယ်နော် "" ဒါကတော့ ပြောနေစရာကိုမလိုတာ "
" ပြီးတော့လေ အကိုနဲ့ အကြောင်းကို မသိတဲ့သူမရှိအောင် ချပြကြမယ်နော် ဆိုင်ကိုလာတဲ့ကောင်မလေး တွေက လူပျိုထင်နေကြတာကိုလဲ သဝန်တိုတယ် "
YOU ARE READING
My Property (complete)
Romance"သက်ထက်မြိုင်" စံအိမ်ကြီးရဲ့သခင်လေး အသက်၁၅ နှစ်အရွယ် မာန်ဆက်နောင်ကို ဆိုးလွန်းလို့ ထိန်းကျောင်းရန်အတွက် ရေးစစ်သွင်ဆိုတဲ့အထိန်းတော် တစ်ယောက် ရောက်ရှိလာပါတယ်။ သခင်လေးနဲ့အထိန်းတော် ဘယ်လိုတွေစခန်းသွားမလဲ emma နဲ့အတူ လိုက်ပါ စီးမျောလိုက်ရအောင်နော်❤️ Star...