" ကောင်လေး ကျောင်းမှာအိပ်မနေပဲ စာလိုက် လုပ်ရမယ်နော် နေ့လည်စာကိုယ်လာပို့ပေးမယ်၊ အော်ပြီးတော့ ရန်လုံးဝမဖြစ်ရဘူးနော် ၊ စာမေးပွဲကနီးနေပြီ ကျောင်းနားရရင်မကောင်းဘူး "
ဒါကတော့ ဆက်နောင် ကျောင်းမသွားခင်နာကြားရသော စကားလုံးများပင်။ စစ်သွင် နဲ့ ဆက်နောင် ငြိမ်းချမ်းရေးရပြီးနောက်ပိုင်း ဆက်နောင်က မသိရင် သူ့သားအတိုင်းပင် ၊ အသေးစိတ်ကအစ အကုန်လိုက်လုပ်ပေးကာ ဂရုစိုက်ပေးသည်။ ဆက်နောင် အကို
တစ်ယောက်ရလိုက်သလိုခံစားနေရသည်။ဒီလိုနွေးထွေးမှုတွေမခံစားရတာကြာပီမို့လား။ စစ်သွင်ဂရုစိုက် မှုတွေမှာ တဖြည်းဖြည်းအသားကျလာကာ စစ်သွင်စကားဆို နားထောင်လာတတ် ပြီး လူလိမ္မာလေးဖြစ် လာလေပြီ။ ခုလဲ သီတင်းကျွတ်ကျောင်းမပိတ်ခင် လပတ်စာမေးပွဲဖြေရ
မည်ဖြစ်သဖြင့် မှာနေခြင်းပင်။" ဟုတ်ကဲ့ပါ ကိုပွစိရယ် ကျွန်တော်သိပါပြီ "
" ကောင်စုတ်လေး "
စစ်သွင်က အူယားစွာဖြင့် ဆက်နောင်ခေါင်းလေးအားဖွဖွပုပ်လိုက်သည်။
" ကဲဒါဆို သွားတော့ "
" ဟုတ် အကို "
ဆက်နောင်တို့ကားလေးထွက်သွားသည်အထိလိုက်ကြည့်ပြီးမှအိမ်ထဲသို့ပြန်ဝင်ခဲ့လိုက်သည်။
" မောင်စစ်သွင် "
စစ်သွင် နေ့လည်အတွက် ဟင်းချက်ရန်မီးဖိုချောင်ထဲဝင်တော့မည်အပြုအပေါ်ထပ်မှဆင်းလာသော ဦးမြင့်ကလှမ်းခေါ်သဖြင့် ဦးမြင့်ဆီလျှောက်လာခဲ့လိုက်သည်။
" ဟုတ် ဦးမြင့် "
" လာကွာ ဧည့်ခန်းထဲသွားရအောင်ပြောစရာလေးရှိလို့"
" ဟုတ်ကဲ့ "
ဦးမြင့်နဲ့အတူဧည့်ခန်းဆီသို့လာလိုက်ပြီး မျက်နှာချင်းဆိုင်နေရာယူလိုက်ကြသည်။ ပြီးခါမှဦးမြင့်ကစကားစပြောလေသည်။
" သားငယ်လေးကို စစ်သွင် စာသင်ပေးနေတာ ၂လရှိပြီနော် "
ဟုတ်သည်၊ သူတို့နှစ်ယောက်ပြေလည်ပြီးနောက်ပိုင်း စစ်သွင်ချော့မော့ကာ စာသင်ခဲ့ရသည်။ ကောင်လေးကလဲ လိမ္မာစွာဖြင့်စာလိုက်သင်ရှာသည်။သူအကြိုက်လဲဂိမ်းတော့ပြန်ဆော့ပေးရသည်လေ။
YOU ARE READING
My Property (complete)
Romance"သက်ထက်မြိုင်" စံအိမ်ကြီးရဲ့သခင်လေး အသက်၁၅ နှစ်အရွယ် မာန်ဆက်နောင်ကို ဆိုးလွန်းလို့ ထိန်းကျောင်းရန်အတွက် ရေးစစ်သွင်ဆိုတဲ့အထိန်းတော် တစ်ယောက် ရောက်ရှိလာပါတယ်။ သခင်လေးနဲ့အထိန်းတော် ဘယ်လိုတွေစခန်းသွားမလဲ emma နဲ့အတူ လိုက်ပါ စီးမျောလိုက်ရအောင်နော်❤️ Star...