အပိုင်း(၁၇) uni

19.1K 906 69
                                    

မိုးရာသီရဲ့မနက်ခင်းက နေမထွက်ပေ။ မိုးအုံ့စွာ
ဖြင့်ရာသီဥတုဟာလဲ ခပ်မှိုင်းမှိုင်းဖြစ်နေ၏။
ဆက်နောင်ကတော့ နွေးထွေးတဲ့ရင်ခွင်ထဲကနေ နိုးထလာသည်။ စစ်သွင်ရင်ခွင်ထဲကနေ မော့ကြည့်တော့ ငြိမ်သက်စွာအိပ်နေသော သူရဲ့အေးချမ်းရာလေးကြောင့် မနက်ခင်းလေးက လွန်စွာကျက်သရေရှိလှ၏။ ချစ်ရသူနဲ့အတူခုလိုနိုးထရတာဘယ်လောက်တောင်မှပျော်စရာကောင်းလိုက်သလဲ ။

" ဟင်းးကျွတ်စ်ကျွတ်စ်...."

စစ်သွင်ညီးညူလျက်နိုးလာရသည်။ လက်မောင်းတစ်ဖက်က သွေးမလျှောက်တော့သလိုပင် အောင့်တက်နေသည်။တစ်ညလုံးဆက်နောင်
ကခေါင်းတင်အိပ်ထား၍ပင်။

မျက်နှာလေး ရှုံ့မဲ့လျက်နိုးလာသော စစ်သွင် ကြောင့် ဆက်နောင်ထထိုင်လိုက်သည်။ ပြီးတာနဲ့စစ်သွင်လက်မောင်းကိုဆွဲယူကာခပ်ဖွဖွနိုပ်ပေးလျက်

" အရမ်းနာနေလား ကိုကို ကျွန်တော်တောင်း
ပန်ပါတယ်နော် "

စစ်သွင်ခေါင်းယမ်းပြပြီးထထိုင်လိုက်သည်။
နိုပ်ပေးနေသော ဆက်နောင်လက်ကို ဖယ်ခွါ
လျက်

" ရပါတယ်ကောင်လေးရဲ့ အရမ်းမနာပါဘူး "

" ကျွန်တော်က ဖက်လုံးမရှိရင်မအိပ်တတ်လို့လေအဲတာကြောင့် ကိုကို့ကိုဖက်အိပ်လိုက်တာပါ"

ကုတင်အောက်ပြုတ်ကျနေတဲ့ဖက်လုံးလေးကတော့ စကားပြောတတ်ရင် သူအတွန်းချခံရတာပါလို့ပြောလေမလား ။

" အင်းပါကောင်လေးရဲ့ "

" ဟုတ်ကိုကို .. ညကရောကောင်းကောင်းအိပ် ပျော်ရဲ့လား "

" အိပ်ပျော်ပါတယ် မိုးအေးနေတော့အိပ်ကောင်းတယ်လေ ကိုယ်ကမိုးရာသီကိုအကြိုက်ဆုံးပဲ "

စစ်သွင်ကပြောရင်း ပြတင်းပေါက်ဘက်ကိုငေးကြည့်လိုက်မိသည်။ မိုးရာသီက သူ့အတွက် နာကျင်စရာအမှတ်တရတွေရှိခဲ့ပေမဲ့လဲ မိုးရာသီကသူ့အတွက်တော့အကြိုက်ဆုံးဥတုဖြစ်နေ
တုန်းပင်။

" ကျွန်တော်ကလေအရင်ကတော့မိုးရာသီကိုမကြိုက်ဘူး စိုဖက်ဖက်နဲ့သွားရလာရ ဒုက္ခများလို့ ဒါပေမဲ့ခုတော့ကြိုက်သွားပြီ အဲတာဘာလို့လဲ ကိုကိုသိလား "

My Property (complete)Where stories live. Discover now