စိတ်ငြိမ်ရပ်ကွက်တစ်ခု၏ သစ်ပင်များ အုပ်စိုင်းနေသော လမ်းမဘေးတွင် Cozy Cafe House ဆိုသော ဆိုင်လေးဟာ နာမည်နဲ့လိုက်ဖက်ညီစွာတည်ရှိနေသည်။ မှန်တွေအပြည့်ကာရံထားသော နံရံတွေတွင် စာအုပ်စင် တစ်ချို့နဲ့ အလှဆင်ပန်းများကို လှမ်းမြင်နေရ၏၊ဆိုင် ရှေ့မှာလဲ အလှပန်းအိုးတွေနဲ့ ကျောက်သင်ပုန်းတစ်ချပ်လဲရှိသည်။ " Cozy Cafe House " ဆိုသော ဆိုင်းဘုတ်ဘေးတစ်ချက်စီတွင်လဲ ရှေးခေတ်ဒီဇိုင်း မီးသီးတွေ ချိတ်ဆွဲထားသေးသည်။ ဆိုင်လေးက အကြီးကြီးမဟုတ် ၁ထပ်ထဲဖြစ်ကာ ဝိုင်းအနေနဲ့က၇ဝိုင်းစာလောက် သာရှိသည်။ မှန်နံရံတွင် တော့ စားပွဲရှည်ရှိကာ bar ပုံစံ ထိုင်ခုံရှည်များ
ဖြင့် ပြုလုပ်ပေးထားသည်။ ဒီဆိုင်လေးက
မိန်းကလေးအများစု ဓာတ်ပုံလာရိုက်တတ်ကြပြီး အေးအေးဆေးဆေးစာလုပ်/ အလုပ်လုပ်
ချင်သူများသာ အလာများ၏။ဆိုင်အတွင်းသို့ဝင်လိုက်တာနဲ့ Record player မှ
ကြားနေရသည့်ငြိမ့်ညောင်းနေသော တီးလုံးသံလေးရယ် ၊ အမွှေးဖယောင်းတိုင်တွေဆီက သင်းပျံ့နေတဲ့ fresh ဖြစ်စေတဲ့ အနံ့ရယ် ၊ ကော်ဖီ bar ဆီမှာ ကော်ဖီနံ့သင်းသင်းရယ်က ဒီဆိုင်ရဲ့ ဆွဲဆောင်မှုပင်။ အဝါရောင် မီးသီးတွေဆီမှ အလင်းရောင်ကလဲ ပိုလို့ဆိုင်အားထည်ဝါစေသလိုပင်။ အပြင်မှာ ပင်ပန်းနေရင်တောင် ဆိုင် လေးထဲ ဝင်လိုက်တာနဲ့ အေးချမ်းမှု ကိုခံစားစေ
နိုင်သည်။Apron လေးဝတ်ကာ အပြုံးချိုချိုဖြင့် ကော်ဖီဖျော်နေသော အဖျော်ဆရာလေးကတော့ Cozy ရဲ့ ဇာတ်လိုက် ပင်။ မိန်းကလေးအများစုက ကော်ဖီခါးခါးထက် အပြုံးချိုချို Cafe ပိုင်ရှင် လေးကို ငေးချင်၍အလာများကြ၏။
ချလွင် .... ချလွင် ....
ဆိုင်တံခါးလေးဖွင့်လိုက်တာနဲ့ တံခါးအပေါ်တွင် ချိတ် ဆွဲထားသော အလှခေါင်းလောင်းလေးထံမှအရင်ဆုံးကြိုဆိုသံထွက်ပေါ်လာသည်။
" မင်္ဂလာပါ Cozy Cafe မှ ကြိုဆိုပါတယ် "
ပြီးနောက်တွင်တော့ ဝန်ထမ်းလေးများ၏ ကြိုဆိုသံက ထွက်ပေါ်လာ၏။ ဆိုင်မှာက Cashier ထိုင် တဲ့ကောင်မလေး၊ Tea ဆရာ ၁ယောက်၊ကိတ်မုန့် ဖုတ်သူ ၂ယောက်၊စားပွဲထိုး ၂ယောက်ရယ် ရှိ
သည်။ ပိုင်ရှင်အပါအဝင် ဤဆိုင်လေးတွင်
လူ ၇ယောက်သာရှိ၏။
YOU ARE READING
My Property (complete)
Romance"သက်ထက်မြိုင်" စံအိမ်ကြီးရဲ့သခင်လေး အသက်၁၅ နှစ်အရွယ် မာန်ဆက်နောင်ကို ဆိုးလွန်းလို့ ထိန်းကျောင်းရန်အတွက် ရေးစစ်သွင်ဆိုတဲ့အထိန်းတော် တစ်ယောက် ရောက်ရှိလာပါတယ်။ သခင်လေးနဲ့အထိန်းတော် ဘယ်လိုတွေစခန်းသွားမလဲ emma နဲ့အတူ လိုက်ပါ စီးမျောလိုက်ရအောင်နော်❤️ Star...