အပိုင်း(၃၅) zawgyi

3.9K 39 5
                                    

နှင်းတွေထူထပ်လွန်းနေသဖြင့် အပြင်လဲမထွက် ချင်။ အလုပ်ကလဲမရှိ၊ သူရိန်က အမျိုးမျိုးပြောကာ ထက်မြတ်ကို အလုပ်မဝင်ခိုင်းပေ။တဖြည်းဖြည်းနဲ့ သူရိန်အပေါ်မှီခိုမိလာသည်။ မာနဆိုတဲ့အရာက အိမ်ထောင်ဖက်တွေကြားမှာ မထား
သင့်မှန်း ထက်မြတ်နားလည်လာ၏။ သူရိန်အမြဲပြောသည်က ကျွန်တော်က ယောကျာ်း
တစ်ယောက်ဖြစ်တဲ့အတွက် အကိုကပဲလုပ်ကျွေးရမယ်ဆိုတာမျိုးမလိုပါဘူးတဲ့ အကို ဝါသနာ
တကယ်ပါတဲ့အရာကိုသာ လုပ်ဖို့တွေးပါတဲ့လေ။
ဒီကောင်လေးက တကယ်ရင့်ကျက်ပါသည်။
သူ့ကိုလဲ အရမ်းဂရုစိုက်၏။ တဖြည်းဖြည်း
သူရိန်ဂရုစိုက်မှုတွေနဲ့ နေသားကျလာလို့ထင်ပါရဲ့။ ဒီကောင်လေးရဲ့အငွေ့အသက်တွေကိုလဲ လွမ်းနေမိပါ၏။

အရင်ကလဲ ခုလို ခရီးထွက်ဖူးပေမဲ့သိပ်မကြာပေ။ သို့ပေမဲ့ ခုတစ်ခါမှ လွမ်းမိတာတော့မဟုတ်၊ ခရီးထွက်သွားတိုင်းလွမ်းမိနေခြင်းသာ။လန်ဒန်နဲ့အနီးတစ်ဝိုက်မြို့တွေသွားရတဲ့အခါတွေဆို ၃ညလောက်ပဲကြာတတ်သည်။ ထိုကောင်လေးဟာဆိုရင်ဖြင့် အိမ်ပြန်ရောက်လာပြီဆို " လွမ်းလိုက်တာအကိုရာ " ဟုပြောကာ သူ့အားတင်းနေအောင်အကြာကြီးလဲဖက်တွယ်တတ်ပါသေးသည်။ ထိုအခါတွေများဆို ထက်မြတ်မှာ တောင့်တောင့်ကြီးသာရပ်နေမိပြီး ပြန်ဖက်ချင်ပေမဲ့ မဖက်လိုက်မိ။ အမှန်တိုင်းဝန်ခံရရင်သူရှက်မိနေတာပင်။ ညဘက်တွေဆိုလဲ အိပ်ပျော်နေသော ကောင်လေးမျက်နှာကိုကြည့်ရင်း ပါးပြင်လေးကို ပွတ်သပ်မိသေးသည်။ တစ်စနဲ့တစ်စ ပြောင်းလဲလာတဲ့ သူ့ခံစားချက်တွေကို ပြန်လည်စမ်းစစ် ရတော့မည်။

တစ်ခါတစ်လေ ချစ်စရာကောင်းအောင်လုပ်ပြတတ်သော ကောင်လေးပါးလေးကို သူလိမ်ဆွဲလိုက်ချင်မိသည်။ ဆံပင်လေးတွေကိုလဲ ဆွဲဖွချင်ပါသည်။ သူ့ကို အီစီကလီပြောတဲ့ အခါတွေမှာဆို
ရင်လဲ ထက်မြတ်မှာ အံ့ဩစရာကောင်းလောက်အောင်ရှက်မိရတဲ့အချိန်တွေလဲရှိပါသေးသည်။ ခန္ဓာကိုယ်ခြင်း ဘယ်လောက်ပဲရင်းနှီးခဲ့ပါစေ ခုမှ သူတို့နှလုံးသားက ရင်းနှီးလာရတာမို့လား။ ဒါမှမဟုတ် ရင်းနှီးတဲ့အဆင့်ထက် ကျော်လွန်နေပြီလား ။ ထက်မြတ် ရင်ခုန်သံတွေက သက်သေထူကာ ဆန္ဒပြနေလေပြီ။
ဒီခရီးက ပြန်လာရင်တော့ သူ့ခံစားချက်တွေ
ပွင့်လင်းစေဖို့ မျှော်လင့်မိပါရဲ့။ မျှော်နေသူက မျှော်နေပေမဲ့ ထိုကောင်လေးကတော့ပေါ်မလာသေးပေ။ ၁ပတ်ပဲ ကြာမယ်ပြောပြီး အခုတော့ ၁၀ ရက်တောင်ရှိနေပြီ။ ပုံမှန်ဆို ဖုန်းတွေနားညီးအောင်ဆက်တတ်တဲ့ လူရှုပ်လေးက သူ့ထံမနေ့ကတည်းက ဖုန်းခေါ်မလာပေ။

My Property (complete)Where stories live. Discover now