အပိုင်း(၂၉)uni

17.9K 1.3K 55
                                    

လန်ဒန်မြို့ရဲ့ မိုးအေးတဲ့မနက်ခင်းက ဒီနေ့မှပိုအေးချမ်းနေသယောင်။ ချစ်ရသူကိုရင်ခွင်ထဲ
ထည့်ကာအိပ်ရသူဖို့တကယ်ပင်အေးချမ်းလှ၏။ ၂ယောက်အိပ်ကုတင်ကျယ်ကြီးထက်ဝယ်ဖက် လုံးနှစ်လုံးဟာ အထီးကျန်လျက်ဘေးသို့ပစ်ပယ် ထားခံရပြီး ပိုင်ရှင်နှစ်ယောက်ကတော့တင်းကျပ် စွာပွေ့ဖက်ထားလျက်အိပ်စက်နေကြခြင်းပင်။ ဒီတစ်ခါ ဖက်လုံးလေးရဲ့အပြစ်တင်ခြင်းခံရသူကတော့ ဆက်နောင်တစ်ယောက်ထဲမဟုတ်တော့စစ်သွင်ပါ ပါရှိလေပြီ။

ချစ်ခြင်းတို့ကို ၅နှစ်အကြာမှ ပွင့်လင်းစွာလက်ခံပြီး ခုတော့ချစ်သူတွေအဖြစ်ရောက်ရှိလာပြီ။ညကအဖြေပေးပြီးကတည်းက စစ်သွင်ရှက်ရှက် နဲ့ အိပ်ယာအရင်ဝင်ခဲ့သည်။ဆက်နောင်ကရေချိုးပြီးမှအိပ်ယာဝင်ခဲ့၏ သို့ပေမဲ့ နှစ်ယောက်လုံးအိပ်မပျော်ခဲ့ ရင်တွေခုန်နေကြသည်ထင်၏။ ညလယ်လောက်ရောက်တော့ဆက်နောင်က
နောက်ကနေသိုင်းဖက်လာပြီး ရင်ခွင်ထဲထည့်ကာအိပ်စက်စေခဲ့မှ စစ်သွင်အိပ်ပျော်ခဲ့၏။ ဒီကောင်လေးရင်ခွင်က တကယ်ကို နွေးထွေးလုံခြုံစေသည်မှာ အမှန်ပင်။

မနက်ခင်း ၆နာရီအချိန်ကိုက် စစ်သွင်နိုးလာလေပြီ။ တင်းကျပ်စွာပွေ့ဖက်ခြင်းခံထားရပြီး မျက်လုံးပွင့်တာနဲ့ စစ်သွင်မှာပြုံးသွားရ၏။အရင်ကလဲ အကြိမ်ပေါင်းများစွာအိပ်ဖူးပေမဲ့ ခံစားချက်တွေက မတူဘူးမို့လား ခုက သူ့ထက် အများကြီးငယ်တဲ့ ရည်းစားအသစ်သစ်စက်စက်လေးရင်ခွင်ဖြစ်နေသည်လေ။ အသက် ၂၇ နှစ်လုံးလုံး ခုမှရည်းစားထားဖူးသူ ပီပီ စစ်သွင် မှာ ထိိန်းချုပ်ရခက်ခဲစွာ စိတ်လှုပ်ရှားရ၏။

" ရည်းစားထားရတာ ဒီလိုခံစားချက်မျိုးလား
ဒီလိုသာဆို နှလုံးရောဂါများရနိုင်မလား
ငါ့ရင်ခုန်သံတွေကအရမ်းမြန်နေသလိုပဲ "

စစ်သွင်တစ်ယောက်မှာလဲ လူကြီးဆန်ခဲ့သမျှ
ရည်းစားအငယ်လေးထားမိမှ ကလေးအတွေးတွေလျှောက်တွေးမိပြီး ပါးစပ်ကလဲ တိုးတိုးရေရွတ်နေမိ၏။

" နှလုံးရောဂါမရပါဘူး ကိုကို ရဲ့ မပူနဲ့နော်"

" ဟင် "

အက်ရှရှအသံအောအောကြောင့် စစ်သွင် အလန့်တကြားမော့ကြည့်လိုက်မိသည်။မျက်လုံးမဖွင့်သေးပဲ နှုတ်ခမ်းကတော့ပြုံးနေလျက် သူ့အားစကားပြောလာသောဆက်နောင်ပါလေ။

My Property (complete)Where stories live. Discover now