Uni,
Mr.International (Part 1)
City A ရှိအကြီးမား အကျယ်၀န်းဆုံး ဘောလုံးကွင်းတွင်
လူပေါင်းများစွာပြည့်နှက်နေပြီးအားပေး အော်ဟစ်သံများဖြင့်
ဆူညံလျက်ရှိသည်။စိမ်းစိုနေသော မြက်ခင်းပြင်တွင် အချိန်ပိုမိနစ်ပိုင်းအတွင်း
ပိတ်ဂိုးထပ်သွင်းနိုင်ရန်အားသွန်ခွန်စိုက်ကြိုးစားနေကြသော
ဘောလုံးသမားများ...။ဘောလုံးအား ကျောနံပါတ်11 ရရှိနေချိန်တွင်တော့ အားပေးသူများကပိုမိုအော်ဟစ်လာကြပြီး Announcer မှာလည်းရွှင်မြူးတက်ကြွစွာကြေငြာတော့သည်။
" မြင်တွေ့နေကြတဲ့အတိုင်းပဲ ပွဲသိမ်းခါနီးအချိန်မှာ ကျွန်တော်တို့ရဲ့ Mr.International ကြီး ကျောနံပါတ်11 ဇာမဏီတိုင်း.... ဘောလုံးကိုလှလှပပ တစ်ဖက်အသင်းဂိုးဆီ ဆွဲယူလာပါတယ်ခင်ဗျာ။"
"တစ်ဖက်ကစားသမား ၀င်လုတယ်....။ ဒါပေမဲ့ Mr.International ကြီးကတော့ ပါးပါးနပ်နပ်ပဲရှောင်ကွင်းရင်း ပြိုင်မြင်းတစ်ကောင်လိုအရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်သွားနေပါတယ်။ "
"ပရိသတ်တွေရဲ့အားပေးသံတွေကပိုမို ဆူညံလာသလို ကျွန်တော်တို့ Mr.International ကြီးက ပိတ်ဂိုးလေးထပ်သွင်းသွားအုံးမလားဆိုတာတော့ ရင်ခုန်စရာပါပဲ။"
Announcer ကအားကြိုးမာန်တက် အသံအနိမ့်အမြင့်အတက်အကျနဲ့ အော်ဟစ်နေတုန်း ဇာမဏီတိုင်းက ဂိုးသွင်းလိုက်ပြီဖြစ်တာကြောင့်
ပရိသတ်တွေကလည်း ထအော်ကြတော့သည်။"သွင်းလိုက်ပါပြီခင်ဗျာ.... ဂိုးသမားက သိန်းငှက်မျက်လုံးနဲ့သေချာကြည့်ရှူပြီးစောင့်နေပေမဲ့ စစ်မြင်းတစ်ကောင်လိုအရှိန်အဟုန်နဲ့ကန်သွင်းလိုက်တဲ့
ဇာမဏီတိုင်းရဲ့ကန်ချက်ကို မဖမ်းလိုက်နိုင်ပါဘူးခင်ဗျာ...။ "" အချိန်ပိုပြီးဖို့ စက္ကန့်၃၀အလိုမှာပဲ Lord Universe ဘောလုံးအသင်းက
တစ်ဖက်အသင်းကို ၄ဂိုး ၂ဂိုးနဲ့အသာစီးရရှိသွားပါပြီခင်ဗျား။ကျွန်တော်တို့ရဲ့Lord Universe အဖွဲ့၀င် ရှေ့ကကြည့်ကြည့် နောက်ကကြည့်ကြည့် နံပါတ် Oneဖြစ်တဲ့ ကျောနံပါတ်-11 ,Mr.International ,တိုက်စစ်မှူးကြီး ဇာမဏီတိုင်းကတော့ ဒီပွဲမှာ ၂ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။
YOU ARE READING
Mr.International
RomanceOmegaverse(AOB World) fictionပါ။ ဇာမဏီတိုင်း(Mr.International)❤️ရှေးခရိုင် Start Date - 9.4.2024 End Date - ?