Mr.International (Part 35)

19.2K 1.5K 97
                                    

Uni,

Mr.International (Part 35)

ရှေးခရိုင်တစ်ယောက် သူ့USB cardအား အသည်းအသန်ရှာနေပြီး
မတွေ့တာကြောင့် ခဏငြိမ်ကာစဥ်းစားသည်။

"အား...ပြန်ခါနီး ငါမိတ္တူစက်ဘေးနားမှာ ချထားခဲ့မိပြီထင်တယ်။"

ဒီနေ့ညအပြီးလုပ်ရမည့်အလုပ်အတွက် USBထဲကဖိုင်တွေလိုအပ်တာမို့
ရှေးခရိုင်ပြန်သွားယူဖို့ရန်ဆုံးဖြတ်လိုက်တော့သည်။

ဇာမဏီတိုင်းကလည်း ရေချိုးပြီးညစာစားရန်ထွက်လာသည်။
ကားသော့ယူကာ အပြင်သွားရန်ပြင်နေသည့် ရှေးခရိုင်ကိုတွေ့တာကြောင့်

" ရှေး..ခင်ဗျား ညဘက်ကြီးဘယ်သွားမလို့လဲ။ "

" ဟို...ငါရုံးမှာUSB ကျန်ခဲ့လို့။"

" ဘာလဲ အခုသွားယူမလို့လား ၇နာရီထိုးနေပြီ ညစာစားမယ်လေ။
နောက်နေ့မှယူလို့မရဘူးလား။"

" မရဘူး...ငါဒီနေ့အလုပ်ကအပြီးသတ်ရမှာမို့လို့ပါ။
တိုင်း မင်းစားနှင့်လိုက်နော်။"

" ကျစ်... တော်ပြီဗျာ အတူပဲစားချင်တာ။
ထားပါ ကျွန်တော်ပါခင်ဗျားနဲ့လိုက်ခဲ့မယ်။"

" ဟင်...မင်းလိုက်မလို့လား။
အခုရုံးမှာလူမရှိလောက်တော့ပေမဲ့ အဆင်ပြေပါ့မလား။"

"ဘာမှမဖြစ်ဘူး Maskတပ်ခဲ့မှာ။ပြီးတော့ ခင်ဗျားကားနဲ့ပဲ
သွားကြမယ်လေ။"

ဇာမဏီတိုင်းက သူ့မလိုက်ရလျှင်ပြဿနာရှာနေမှာစိုး၍ ရှေးခရိုင် ခေါ်လာခဲ့လိုက်တော့သည်။

" တိုင်း...မင်း ကားထဲမှာပဲ စောင့်နေပါလားဟင်။"

" ဟင့်အင်း အပေါ်လိုက်ခဲ့မယ်။"

ဇာမဏီတိုင်း အပေါ်ထိ လိုက်မည်ဆို၍ ရှေးခရိုင်မှာ ခြောက်သွေ့နေသော
လည်ချောင်းကိုရှင်းရန် တံတွေးမြိုချမိသည်။

သူ့ခုံနေရာတွင် ရှိနေသည့် ဂုဏ်ရှိန်သစ်ပုံပိုစတာအားတွေ့သွားလျှင်
ဇာမဏီတိုင်းက အချိန်တော်တော်ကြာထိ Angry Birdအနီရောင်ကောင်လိုမျက်နှာထားဖြစ်နေတော့မှာ ကျိန်းသေပင် ။သူတော်တော်နဲ့ပြန်ချော့လို့ရမည်မဟုတ်။

Mr.International Where stories live. Discover now