Mr.International (Part 43)

17.3K 1.7K 204
                                    

Uni,

Mr.International (Part 43)

ဂုဏ်ရှိန်သစ်နဲ့ ဇာမဏီတိုင်းတို့လေ့ကျင့်ရေးကွင်းမှာဖြစ်သည်။
သူတို့နှစ်ယောက်က ထိပ်တန်းဘောလုံးကစားသမားတွေဖြစ်ကြပြီး
အချင်းချင်းမလိုမုန်းထားဖြစ်တာမျိုးလုံး၀မရှိကြပေ။
အချင်းချင်းမရင်းနှီးသော်လည်း တစ်ယောက်နဲ့တစ်ယောက်လေးစားကြသည်။

သို့ပေမဲ့ ယခုအခြေအနေကတော့ နှလံုးသားရေးကြောင့်
အထင်လွဲပြီးနှစ်ယောက်သားကြားမှာ အမြင်မကြည်တာမျိုးတွေဖြစ်နေကြသည်။

ဇာမဏီတိုင်းက ရှေးခရိုင်နဲ့ပတ်သတ်ပြီး ဂုဏ်ရှိန်သစ်ကိုမကြည်သလို
ဂုဏ်ရှိန်သစ်ကလည်း ဝေဟင်မောင်နဲ့ပတ်သတ်ပြီး ဇာမဏီတိုင်းကိုမကြည်ပေ။

ရှေးခရိုင်က ဇာမဏီတိုင်းအိမ်တွင်နေသည်ဟုသိလိုက်ရတော့
သူ့စိတ်ထဲတစ်မျိုးဖြစ်သွားခဲ့သည်။ ဇာမဏီတိုင်းနဲ့ရှေးခရိုင်
တစ်ခုခုပတ်သတ်မှုရှိမည်ဟုလည်းခံစားမိသည်။

အဲ့ဒါသာတကယ်ဆို ဝေဟင်မောင်က ဇာမဏီတိုင်းအတွက်ဘာလဲ။
ဇာမဏီတိုင်းက ဝေဟင်မောင်ကိုလှည့်စားနေတာလား၊
အတည်မတွဲဘူးလား။ ဝေဟင်မောင်က ဒဏ်ရာအရခံပြီးကယ်ထား
ပေးခဲ့တာကိုတောင် ဇာမဏီတိုင်းကတစ်ချက်မျက်နှာမထောက်ပဲ
တစ်ခြားသူတွေနဲ့ပါတွဲတုန်းလား။

တွေးရင်းတွေးရင် ဂုဏ်ရှိန်သစ်မှာထိုင်မနေနိုင်တော့ပေ။
ဇာမဏီတိုင်းကြောင့် ဝေဟင်မောင်နာကျင်ခံစားရမှာကိုမကြည့်နိုင်။
ထို့ကြောင့် နားချိန်တွင် ဇာမဏီတိုင်းနဲ့သပ်သပ်စကားသွားပြောသည်။

"ဇာမဏီတိုင်း...ငါ့မှာမင်းကိုပြောစရာတွေရှိနေတယ်။"

ဇာမဏီတိုင်းကလည်း သိပ်မကြည်ပေမဲ့ ဂုဏ်ရှိန်သစ်က
စီနီယာဖြစ်တာကြောင့် ပြန်ပြောရသည်။

"စီနီယာက ဘာပြောစရာရှိလို့လဲ။"

" ငါမင်းအရည်အချင်းတွေကိုတကယ်လေးစားပါတယ်။
မင်းနဲ့နိုင်ငံပွဲကြီးမှာ အတူယှဥ်တွဲပြီး ကစားရတာလည်း
ကျေနပ်တယ်။ ဒါပေမဲ့ မင်းရဲ့တစ်ခြားအရာတွေကို
သဘောမကျဘူး။ အထူးသဖြင့် မင်းသူ့ကိုကစားနေတာဆိုရင်
အခုချိန်ကစပြီးရပ်ပေးလို့ရမလား။

Mr.International Where stories live. Discover now