Mr.International (Part 18)

26.8K 2.5K 275
                                    

Uni,

Mr.International (Part 18)

ရှေးခရိုင် အခန်းထဲကထွက်သွားသော်လည်း ဇာမဏီတိုင်းမှာ
သူ့အပြုံးတွေကိုအရှိန်မသတ်နိုင်သေး။

အခန်းတွင်းကျန်ရှိနေသေးသည့်ရှေးခရိုင်၏ Pheromone ရနံ့လေးတွေကို
ရှူရှိုက်လိုက်သည်။

" လူကသာ ပုံတုံးတာ Pheromone ရနံ့လေးကျကောင်းနေရော။
ရှေးခရိုင် ခင်ဗျားဘယ်လိုလုပ်လုပ် ကျွန်တော့်လက်ကပြေးမလွှတ်ပါဘူး။"

.......

" ဗျာ...ချေးငွေယူမရဘူးလား။"

ကောင်တာက ဝန်ထမ်းကောင်လေးမှာ ပြုံးလျက်ပြန်ဖြေဆိုသည်။
" ဟုတ်ပါတယ်ဗျ လူကြီးမင်းကို ချေးငွေထုတ်ပေးဖို့အဆင်မပြေပါဘူး။"

ရှေး​ခရိုင်​မှာ နားမလည်တာကြောင့် ထပ်မေးသည်။
" မဟုတ်ဘူးလေ အစ်ကို့မှာကိုယ်ပိုင်အလုပ်လည်းရှိတယ်။
အချိန်မှန်လည်းပြန်ဆပ်နိုင်ပါတယ်။အချက်အလက်တွေလည်းပြည့်စုံနေတာကို ဘာလို့မရတာလဲဟင်။"

" ဟုတ်မရလို့ပါဗျ။"

" အကြောင်းပြချက်လေးတော့ ပြောပြလို့ရနိုင်မလား။
အလုပ်လက်မဲ့လည်းမဟုတ်သလို တစ်ခါမှလည်းအခုလိုချေးငွေလာမယူဖူးပါဘူး။ အစ်ကိုသိသလောက် သူများတွေလည်းရပါတယ်။"

ဝန်ထမ်းကောင်လေးကခဏစဥ်းစားဟန်ပြုပြီး ပြန်ဖြေသည်။
" ဘယ်လိုပြောရမလဲ လူကြီးမင်းကအိမ်ဆောက်တဲ့နေရာငွေလိုလို့လာချေးတာမို့လို့ပါ။ တစ်ခြား ပိုက်ဆံပြန်ပွားမဲ့စီးပွားရေးလုပ်ငန်းမျိုးလည်းမဟုတ်လို့လေ။မတော်တဆ အိမ်မပြီးခင် လူကြီးမင်းအလုပ်ကပြုတ်သွားတာတို့ ဘာတို့ဖြစ်ရင် ငွေပြန်ဆပ်နိုင်ဖို့ အာမခံချက်မရှိလို့ပါဗျ။"

ထိုကောင်လေးပြန်ဖြေပုံမှာ မှန်သလိုလိုရှိပေမဲ့ မမှန်ပေ။
ဟိုတလောကပဲ သူ့ရုံးကလူတစ်ယောက်တောင် အိမ်၀ယ်ဖို့ချေးငွေယူတာ အဆင်ပြေပြေရသည်။အလုပ်အကိုင်နဲ့ အချက်အလက်ပြည့်စုံကာအတည်တကျရှိသော နိုင်ငံသားတိုင်းအတွက် ချေးငွေရယူခွင့်လည်း ပေးထားပါလျက်နဲ့ သူ့ကျမှကွက်မရဘူးဆိုတာမဖြစ်နိုင်ပေ။

Mr.International Where stories live. Discover now