Mr.International (Part 30)

23.3K 1.9K 246
                                    

Uni,

🚨🚨🚨🚨🚨🚨
+ခန်းမကြိုက်တဲ့သူက အဲ့နားကို ကျော်ဖတ်ပေးပါရှင့်။

Mr.International (Part 30)

ရှေးခရိုင်တို့နှစ်ယောက် အိမ်သို့ပြန်လာခဲ့ကြပြီး ဇာမဏီတိုင်းကစကားတစ်ခွန်းမှမပြောပေ။ ရှေးခရိုင်လက်ကိုဆွဲကာ သူ့​အခန်းထဲခေါ်လာပြီးနောက် ကုတင်ပေါ်အရုပ်တစ်ရုပ်လို တွန်းချပစ်လိုက်သည်။

" ဟင် ဒီအခြေအနေကြီးမှာ သူငါနဲ့အိပ်အုံးမှာလား။"
ရှေး​ခရိုင်အတွေးတွေကမမှားပေ တိုင်းကသူ့အင်္ကျီအပေါ်ကုတ်ကိုချွတ်လိုက်ပြီး အောက်ကရှပ်အင်္ကျီကြယ်သီးတွေပါဖြုတ်နေပြီဖြစ်သည်။

ခဏမျှအကြာတွင် ဇာမဏီတိုင်း၏ ရွှေရောင်ဝင်း၍တောင့်တင်းသန်မာသော
ခန္ဓာကိုယ်အားမြင်လိုက်ရ၍ ရှေးခရိုင်တံတွေးတစ်ချက်မြိုချမိသည်။

" ဟို...တိုင်း ဒီညလုပ်အုံးမလို့လား။"
ယခုလိုမေးတာကြောင်သလိုထင်ရပေမဲ့ ခဏကထိ ဇာမဏီတိုင်းမှာ
စိတ်တိုနေဟန်ရှိတာကြောင့် သေချာအောင်မေးကြည့်လိုက်သည့်သဘောဖြစ်သည်။

" မလုပ်နိုင်စရာ ဘာအကြောင်းရှိလဲ။"
ပြောပြီး ဇာမဏီတိုင်းက ရှေးခရိုင်ကိုတွန်းလှဲ၍ အပေါ်ကအုပ်မိုးကာ
မေးစေ့ကိုလက်ဖြင့်ဆုပ်ကိုင်လိုက်သည်။

"ခင်ဗျားပြောကြည့် ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးကို ဘယ်သူပိုင်တယ်လို့ထင်လဲ။"

ဇာမဏီတိုင်းအသံမှာအတည်ပေါက်ကြီးဖြစ်နေတာမို့ ရှေးခရိုင်သေချာဖြေရမည်မှန်းနားလည်သည်။

" ဟို..လူတိုင်းနဲ့သက်ဆိုင်တော့ လူတိုင်းပိုင်တယ်ထင်တယ်နော်။"

" ကမ္ဘာကြီးကိုလူတွေအကုန်ပိုင်ရင်တောင် ခင်ဗျားကတော့
ကျွန်တော်တစ်ယောက်ထဲနဲ့ပဲဆိုင်တယ်။ကျွန်တော်ပိုင်တဲ့
ကျွန်တော့်omega ။ "

ဇာမဏီတိုင်း၏အကြည့်တွေအပြောတွေက လေးနက်လွန်းနေတာမို့ ရှေးခရိုင်မဝံ့မရဲပြန်ပြောသည်။
" သေချာစဥ်းစားကြည့်လိုက်တော့လည်း ကမ္ဘာကြီးကသူ့ဘာသာနေနေတာ
ဘယ်သူမှမပိုင်ဘူးလားလို့လေ။"

ထိုစကားကြောင့် သူ့မေးစေ့ကိုညစ်ထားသည့် ဇာမဏီတိုင်းလက်မှာအားပိုပါလာပြီး
"ကမ္ဘာကြီးကိုဘယ်သူမှမပိုင်လည်း ခင်ဗျားကိုကျွန်တော်ပိုင်တယ်
ရှေးခရိုင်။ ခင်ဗျားနဲ့ကျွန်တော်စတွေ့တဲ့နေ့ကတည်းက
ကျွန်တော်အပိုင်ဖြစ်နှင့်ပြီးသား။ခင်ဗျားကကျွန်တော့်အပိုင်၊ကျွန်တော့်လူ။
ရှေး...ခင်ဗျား အဲ့ဒါကိုသေချာနားလည်ထားရမယ်။ "

Mr.International Where stories live. Discover now