Uni,
Mr.International (Part 20)
ရှေးခရိုင် ဒိုကီနဲ့ဆော့နေတုန်း ခြံထဲသို့ ဇာမဏီတိုင်းနဲ့ သူ့ဆရာနေခြည်မင်းရဲ့ကားဝင်လာလေသည်။
နေခြည်မင်းက ကားပေါ်ကဆင်း၍ အံ့သြသလိုကြည့်သည်။
" ရှေးခရိုင်..မင်းဘယ်လိုဖြစ်လို့ ဒီအိမ်ရောက်နေတာလဲ။"" ဟို ... ကျွန်တော့်အိမ်မီးလောင်သွားလို့ပါ။"
" ဟင်..."
ဆိုကာ နေခြည်မင်းက ဇာမဏီတိုင်းဘက်လှည့်ကြည့်ပြန်သည်။ဇာမဏီတိုင်းက သူ့နားထင်သူလက်ညိုးဖြင့်ကုပ်လိုက်ရင်း
" ဟုတ်တယ် သူနေစရာမရှိဘူးဆိုလို့ ဒီမှာခဏခေါ်ထားပေးတာ။"နေခြည်မင်းက မယုံသလိုကြည့်ရင်း
" မင်းက အဲ့လိုမျိုးကူညီတက်တယ်ပေါ့လေ။
မဖြစ်နိုင်တာတွေ..."" ဆရာပဲပြောပြီးတော့ ကိုယ့်ကိုကူညီထားပေးတဲ့သူကို
နည်းနည်းပါးပါးသိတက်ဆို။ အခုကျွန်တော်ကူညီနိုင်တာ ကူညီထားပေးတော့လည်း အလန့်တကြားနဲ့။"ဇာမဏီတိုင်းမှာ လိမ်ရတာလုံး၀မကြိုက်ပေမဲ့ အကုန်အမှန်အတိုင်းပြောပြန်ရင်းလည်း နားပူခံရမှာစိုးတာကြောင့် ကြည့်ကြပ်ပြောလိုက်ရသည်။
ရှေးခရိုင်ကတော့ စိတ်ထဲကနေမကျေမနပ်ပြန်ပြောသည်။
" လူလိမ်... ဘယ်သူကမင်းအိမ်မှာနေချင်တယ်ပြောလို့လဲ။"သုံးယောက်သား ခြံထဲကစားပွဲ၀ိုင်းလေးမှာ ထိုင်လိုက်ကြရင်း
နေခြည်မင်းကပြောသည်။
" ငါက ဇာမဏီတိုင်းခြေငြိမ်နေလို့ ဘာတွေကြိတ်လုပ်နေလဲ အိမ်လာချောင်းတာ။ အမှန်မထင်ပဲ ေရှးခရိုင်ကိုပါပြန်တွေ့ရတယ်။"" ကျွန်တော် ပုံမှန်လည်းဒီလိုပဲနေတာကို ဘယ်ကိုခြေရှုပ်ဖူးလို့လဲ။"
နေခြည်မင်းက အသံခပ်မြင့်မြင့်ဖြင့်ပြန်ဆူသည်။
" ခြေတကယ်ငြိမ်တဲ့ကောင်က ဘယ်လိုဖြစ်လို့ ဟိုလူနဲ့တွဲတွေ့လို့ သတင်းထွက်လိုက် ဒီလူနဲ့တွေ့လို့သတင်းထွက်လိုက်ဖြစ်နေမှာလဲ ။မင်းမတွဲဖူးတဲ့ omegaရောကျန်သေးလား။ဟိုကောင်တွေကလျှောက်မိတ်ဆက်ပေးတိုင်း အကုန်တွဲမနေနဲ့။"
YOU ARE READING
Mr.International
RomanceOmegaverse(AOB World) fictionပါ။ ဇာမဏီတိုင်း(Mr.International)❤️ရှေးခရိုင် Start Date - 9.4.2024 End Date - ?