Uni,
Mr.International (Part 22)
ရှေးခရိုင်တစ်ယောက် သူ့အိပ်ခန်းသို့သွားရန် ဇာမဏီတိုင်းတို့ရှိနေသည့် ဧည့်ခန်းသို့ဖြတ်သွားရမှာကြောင့် ထောင့်တစ်နေရာတွင်ရပ်ရင်း တွေဝေနေမိသည်။
ယခုဧည့်ခန်းတွင် လူတော့အများကြီးသိပ်မရှိနေကြပေ။ အများစုကခြံပြင်ကpartyပွဲထဲမှာဖြစ်သည်။" ငါဝင်သွားလိုက်ရမလား...။ဒါပေမဲ့ သူ့သူငယ်ချင်းတွေလည်းရှိနေတဲ့ဟာ
ငါဒီမှာနေတာသိသွားမှာပေါ့ ကောင်းပါ့မလား။"ခန့်မှူးပိုင်က ဇာမဏီတိုင်းပုခုံးကိုဆွဲလှုပ်ရင်း
"Mr.International ကြီးပြောပါအုံး ဘယ်လိုစိတ်ပြောင်းပြီး မွေးနေ့ငါတို့ကိုဖိတ်တာလဲ။"" မနေချင်ပြန် အပိုတွေလာမမေးနေနဲ့။"
" မင်းကလည်း စိတ်ကြီးပဲ...ငါမှာတော့ မင်းပျော်ရအောင် ဧည့်သည်တွေအများကြီးခေါ်လာပေးရတာ မင်းကသူတို့ကိုခဏလေးပဲမျက်နှာထွက်ပြတယ် အားနာစရာ။"
" မင်းကိုငါတို့အသင်းသားတွေနဲ့ အဖွဲ့ထဲကလူတွေပဲခေါ်ချင်ခေါ်လို့ပြောတာလေ မသိတဲ့သူတွေပါဘာလို့ခေါ်လာတာလဲ။"
" မင်းကမသိပေမဲ့ သူတို့ကမင်းကိုသိတယ်လေကွာ ။ အလန်းလေးတွေကြီးပဲနော် ခြံထဲသွားရအောင်လာ။"
သူ့ကိုအတင်းဆွဲခေါ်နေသည့် ခန့်မှူးပိုင်လက်အားဖြုတ်ချပစ်ရင်း
" မင်းဘာသာသွားစမ်းပါ နောက်တစ်ခါထပ်ပြီးBellaလိုဟာတွေနဲ့မပတ်သတ်ချင်ဘူး။ အာရုံနှောက်တယ်။"ခန့်မှူးပိုင်းကသွားအဖြီးသားဖြင့်
" အဲ့လိုထပ်မဖြစ်စေရပါဘူးကွာ ငါတောင်းပန်ပါတယ်။
woo ဒါနဲ့ ဟိုဘက်ကဖိနပ်က ဒီလမှအသစ်ထွက်တဲ့ဟာမလား Limited Edition 2ရံပဲထွက်တာလေ။"ဇာမဏီတိုင်းမှာ ခန့်မှူးပိုင်အမေးကိုမဖြေအားပဲ ရှေးခရိုင်အရိပ်ထင်ဟပ်နေသည့်နေရာကိုကြည့်ရင်း လှမ်းအော်သည်။
" ရှေးခရိုင် ခင်ဗျားအဲ့မှာဘာရပ်လုပ်နေတာလဲ။"မထင်မှတ်ထားေသာ အော်သံကြောင့် ရှေးခရိုင်ခန္ဓာကိုယ်လေးပင်တုန်သွားရသည်။
" မဟုတ်သေးပါဘူး ငါရောက်နေမှန်းဘယ်လိုသိတာလဲဟ။"
YOU ARE READING
Mr.International
RomanceOmegaverse(AOB World) fictionပါ။ ဇာမဏီတိုင်း(Mr.International)❤️ရှေးခရိုင် Start Date - 9.4.2024 End Date - ?