Mr.International (Part 27)

22.6K 2K 129
                                    

Uni,

Mr.International (Part 27)

တပတ်လံုးမိုးတွေရွာနေခဲ့သော်လည်း ယနေ့မနက်ခင်းတွင်တော့နေမင်းကြီးကတောက်ပနေသည်။မွန်းတည့်ချိန်ရောက်နေပေမဲ့လည်း ဇာမဏီတိုင်းရော ရှေးခရိုင်ပါအိပ်ရာမထကြသေးပေ။

ခဏအကြာတွင် ရှေးခရိုင်မျက်လုံးများပွင့်ဟလာပြီး သူ့ဘေးကဇာမဏီတိုင်းကိုကြည့်သည်။ တိုင်း၏pheromone ရနံ့တွေတည်ငြိမ်နေသောအခါမှ သက်ပြင်း အကြီးကြီးချပစ်သည်။

" ဟူး...နောက်ဆုံးတော့ သူ့Rut ကာလပြီးသွားပြီပဲ တော်ပါသေးရဲ့။"

ဇာမဏီတိုင်းကလည်းနိုးလာပေမဲ့ မျက်လုံးမဖွင့်ပဲရှေးခရိုင်ကိုတင်းကျပ်စွာဖက်လိုက်ရင်းမေးသည်။
" ဘာတွေသက်ပြင်းချနေပြန်တာလဲ။"

" မင်းPheromone တွေပုံမှန်ပြန်ဖြစ်သွားလို့လေ။"

" ဪ ကျွန်တော့်Rut Timeပြီးသွားပြီဆိုပြီးပျော်နေတာပေါ့။"

ရှေးခရိုင်ကမျက်နှာလေးရှုံ့ကာ ညည်းညူလိုက်သည်။
" မင်းမပြီးရင် ငါလည်းသေတော့မှာ။၅ရက်ကြီးများတောင်"

ဇာမဏီတိုင်း၏မျက်လုံးတွေကဖွင့်ဟလာပြီး
" ၅ရက်လေးကိုလာညည်းနေတယ် ကျွန်တော်rutကာလက ၁၀ရက်တောင်လေ။ရှေ့ရက်တွေတုန်းက ခင်ဗျား​ကျွန်တော့်ကိုပစ်ထားတာ။
ဆေးသောက်ပြီး တစ်ယောက်ထဲနေရတာ ဘယ်လောက်ခက်တယ်ထင်လဲ "

ဇာမဏီတိုင်းRutဝင်သည့်အချိန်တွင် ရှေးခရိုင်ကတစ်ခြားမြို့တွင်သတင်းသွား
ရိုက်ကူးနေရတာဖြစ်သည်။ သူလည်းပြန်လာရော အမောင်ဇာမဏီတိုင်း၏
ခုန်အုပ်ခြင်းကို၅ရက်တိတိခံလိုက်ရပေမဲ့ ယခုတော့နစ်နာသူလိုလုပ်နေသည့်တိုင်းအား စိတ်ထဲကကျိန်ဆဲမိသည်။

" မစာနာတက်တဲ့ကောင်.. ၅ရက်လေးဆိုပဲ ဒီ၅ရက်တောင်
ငါအရိုးတွေအကုန်ကျိုးနေပြီကို ၁၀ရက်လုံးသာသူနဲ့အတူရှိရရင်တော့ အသက်တောင်ဘယ်ကထွက်သွားမှန်းသိလိုက်မှာမဟုတ်ဘူး။"

၅ရက်လံုး အိမ်အကျယ်ကြီး၏နေရာအစုံတွင် သူ့ကို ဇာမဏီတိုင်းကအချိန်မရွေးတက်အုပ်ပြီး  အစားအသောက်များ စားဖို့အချိန်ပင်ကောင်းကောင်းမရလိုက်ပေ။

Mr.International Where stories live. Discover now