Mr.International (Part 34)

19.7K 1.8K 177
                                    

Uni,

Mr.International (Part 34)

နေခြည်မင်းတို့ပြန်သွားတော့ ဇာမဏီတိုင်းကဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။ ညနေ၅နာရီခန့်ရှိနေပြီဖြစ်သည်။

" ရှေး...သွားမယ်လာ။"

" ဟင် ဘယ်ကိုလဲ။"

" ခြံထဲကို ခင်ဗျားအတွက်ပြင်ထားတဲ့လက်ဆောင်ရောက်နေပြီ။"

ရှေးခရိုင်မှာ ဘုမသိဘမသိ ဇာမဏီတိုင်းခေါ်ရာလိုက်သွားပြီး မြင်လိုက်ရတာကားအဖြူလေးတစ်စီးဖြစ်သည်။
ကားလေးမှာ modelလည်းအရမ်းမြင့်ပုံမရပဲ အလုပ်အသွားအလာအတွက်အဆင်ပြေသည်။

" ကား...မဟုတ်မှ ဒီကားကငါ့အတွက်လား။"

" အင်း...ဒီကားလောက်ဆိုရင်တော့အဆင်ပြေတယ်မလား။
အရမ်းလည်းထင်းမထွက်နေအောင်လို့ model အလတ်စားထဲကရွေးပေးထားတာ။ modelအရမ်းမြင့်ပြီး လန်းနေရင်လည်း ခင်ဗျားယူမှာမဟုတ်ဘူးလေ။"

ရှေးခရိုင်ကချက်ချင်းခေါင်းခါသည်။
" ဒါလည်း ငါမယူပါဘူး။"

" ဘာဖြစ်လို့လဲ ခင်ဗျားအတွက်ပါဆို။ ကျွန်တော့်မှာရှိပြီးသား
ကားတွေကြတော့လည်း ခင်ဗျားကမကြိုက်လို့မယူဘူး။ အဲ့ဒါကြောင့် အသစ်၀ယ်ပေးတာလေ။"

" မင်းကားတွေကိုမကြိုက်တာမဟုတ်ဘူး ။ ငါ့မစီးနိုင်တာ
ရုတ်တရက်ကြီးအဲ့လိုစျေးကြီးတာတွေ စီးရင်ဘယ်ကရလဲဘာလဲမေးကြမှာလေ။ငါ့အနေနဲ့ဆို မ၀ယ်နိုင်တာအကုန်အသိပဲကို။"

ဇာမဏီတိုင်းက စိတ်ရှုပ်သွားသည့်ဟန်ဖြင့်
" အဲ့ဒါကြောင့်အခု modelအရမ်းမမြင့်တာ၀ယ်ပေးတာလေ။"

" ဘာအတွက်၀ယ်ပေးတာလဲ...မဟုတ်ဘူး ဘာအတွက်ကြောင့်ဖြစ်ဖြစ်
မင်းငါ့ကို၀ယ်ပေးစရာမလိုပါဘူး။"

" ရှေးခရိုင် ခင်ဗျားဘာလို့ခေါင်းမာနေတာလဲ။
ဒီတိုင်း လက်ဆောင်ပေးတာပဲဟာ ယူလိုက်ပေါ့။

ကျွန်တော်တို့နှစ်ယောက်ပတ်သတ်မှုက ခင်ဗျားကိုဒီထက်စျေးကြီးတာတွေတောင်၀ယ်ပေးလို့ရတယ်။"

ရှေးခရိုင်က သက်ပြင်းချသည်။ ပြီးနောက်မတိုးမကျယ်အသံလေးကထွက်လာသည်။

Mr.International Where stories live. Discover now