Mr.International (Part 23)ဒုတိယပိုင်း

24.2K 2K 87
                                    

Uni,

Mr.International (Part 23)ဒုတိယပိုင်း

ရှေး​ခရိုင်တစ်ယောက် နေလောင်ဒဏ်ကာကွယ်ရန် Lotionကိုခန္ဓာကိုယ်အနှံ့ပွတ်လိမ်းနေချိန်၌ ဇာမဏီတိုင်းကတော့နေကာမျက်မှန်တစ်လက်တပ်ကာ ခုံပေါ်တွင်လှဲလျက် နေပူဆာပင်လှုံနေလိုက်သေးသည်။

ဇာမဏီတိုင်းကအင်္ကျီမချွတ်ထားေပမဲ့ ကြယ်သီးတွေအကုန်လုံးဖြုတ်ထားကာ ရင်ဘတ်နဲ့ဝမ်းဗိုက်ကြွက်သားတွေကိုလှစ်ဟပြထားသည်။

သူနဲ့မနီးမဝေးတွင်တော့Bodyguard တွေရပ်စောင့်နေကြတာကြောင့် သူ့နားဘယ်သူမှလာကပ်၍မရကြ။တစ်ချို့တွေက ခပ်လှမ်းလှမ်းကနေသာချောင်းကြည့်ကြသည်။

ရှေးခရိုင် lotionလိမ်းပြီးသွားတော့ ဘောကွင်းလေးယူလျက် ပင်လယ်ထဲပြေးဆင်းသည်။ ဇာမဏီတိုင်းအစက ဒီတိုင်းကြည့်နေပေမဲ့ တစ်ချို့လူတွေက
ရှေးခရိုင်နားကပ်ကာ စကားတွေပြောနေကြတာကြောင့်မနေသာတော့ပေ။

ဇာမဏီတိုင်းသူ့မျက်မှန်ကိုဆွဲချွတ်ကာခေါင်းပေါ်တင်လိုက်ပြီး ရှေးခရိုင်ချွတ်သွားသည့်T-shirt ကိုကောက်ယူ၍လိုက်သွားတာကြောင့် Bodyguard တွေကပါရေထဲလိုက်ရမလို မလိုက်ရမလိုဖြစ်ကုန်ကြသည်။

ဇာမဏီတိုင်းရောက်သွားသည်နှင့် ရှေး​ခရိုင်နားကပ်နေကြသူများမှာအလိုလိုဖယ်ခွာသွားကြသည်။ ဖြစ်နိုင်သည်က ဇာမဏီတိုင်း၏ရှစ်ခေါက်ကျိုးနေသောမျက်နှာအမူအရာကြောင့်ပင်။

ထိုသူတွေထွက်သွားတော့ ဇာမဏီတိုင်းကအင်္ကျီဖြင့် ​ရှေးခရိုင်မျက်နှာကိုပစ်ပေါက်လိုက်ရင်း
" ရော့ အင်္ကျီဝတ်..."

" ဟင်..."

" ဟင်..မနေနဲ့ဝတ်လိုက်။ အင်္ကျီချွတ်ပြီးလိုက်မြူစွယ်မနေနဲ့။"

ရှေး​ခရိုင် ဇာမဏီတိုင်းဆိုလိုရင်းကိုသိပ်နားမလည်သေးပေမဲ့ အင်္ကျီအမြန်ကောက်ဝတ်လိုက်သည်။
" တိုင်း မင်းဘာပြောတာလဲ။"

"ခွေးတွေလိုအမြှီးတနှံ့နှံ့နဲ့ ခင်ဗျားနားကပ်လာကြတာကို သဘောကျနေတာလား။"

" တိုင်း...မင်းစကားပြောနည်းနည်းဆင်ခြင်လို့ရလား။
သူတို့ကငါရေမကူးတက်ဘူးဆိုလို့ သင်ပေးရမလား ဘာညာမေးနေကြတာ။"

Mr.International Where stories live. Discover now