Mr.International (Part 26)

24.8K 2K 112
                                    

Uni,

Mr.International (Part 26)

ရှေးခရိုင် မနက်ခင်းနိုးလာတော့ မနေ့ညကတိုင်းနဲ့အတူရှိနေသောနေရာတွင်မဟုတ်တော့ပဲ အပန်းဖြေစံအိမ်သို့ ပြန်ရောက်နေပြီဖြစ်သည်။

အခန်းအတွင်းဝေ့ဝိုက်ကြည့်လိုက်တော့ဘယ်သူမှရှိမနေပေ။
ထို့ကြောင့်ချက်ချင်းမထတော့ပဲ မနေ့ညကကိစ္စတွေ သူ့ခေါင်းထဲပြန်ရောက်လာသည်။

"လွန်ခဲ့တဲ့၅နှစ်ကAlpha ကတကယ်ကြီး ဇာမဏီတိုင်းဖြစ်နေတာပဲ။
ဟိုတစ်ခါတုန်းက ရွှေရောင်မျက်လုံးချင်းတူတယ်ထင်တာကို ငါ့ဘာသာလျှောက်တွေးနေတယ်ထင်နေခဲ့တာ။ "

ရှေးခရိုင်မှာ သူ့ဘာသာပြောရင်း ပြုံးလိုက်မိသည်။ လွန်ခဲ့သော၅နှစ်က အချစ်ညလေးကိုသေချာတိတိကျကျမမှတ်မိခဲ့ပေမဲ့ မနေ့ကအချစ်ညလေးကိုတော့ ဇာမဏီတိုင်း၏ကြိုးစားမှုကြောင့် ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။

ပြန်တွေးရင်း ပြုံးနေမိသည့် သူ့ကိုယ်သူသတိထားမိသွားတာကြောင့်
ရှေးခရိုင် အပြံုးေတွအရှိန်ပြန်သတ်ရင်း သူ့ပါးသူခပ်ဖွဖွရိုက်သည်။

" ဘာလို့ပြုံးနေရတာလဲ ။ ပြုံးနေရမဲ့အချိန်မဟုတ်ဘူးလေ။
တိုင်းနဲ့တွေ့ရင်ဘာပြောရမလဲစဥ်းစားရမဲ့ဟာ..."
သူ့ဘာသာသတိပေးရင်း ထရန်ပြင်တုန်း ဇာမဏီတိုင်းကအခန်းထဲဝင်လာသည်။

" နိုးနေပြီလား ။ နိုးရင်လည်း ထပြီးမနက်စာဘာညာစားလေ။"

ရှေးခရိုင်က ကုတင်ဘေးကမျက်မှန်ကိုယူကာတပ်လိုက်ပြီး...
"အခုမှနိုးတာပါ။ မင်းငါ့ကိုပွေ့ချီပြီး ဒီပြန်ခေါ်လာတာလားဟင်။"

ဇာမဏီတိုင်းကရုပ်တည်ကြီးဖြင့် ရွဲ့ပြောသည်။
" ဟင့်အင်း တရွတ်တိုက်ဆွဲခေါ်လာတာ။"

" ဟင်...အင်း..အင်း ကျေးဇူးပါ။"

" ဒါပေါ့ ကျေးဇူးတင်သင့်တာပေါ့။ ခင်ဗျားတုန်းကလို အအေးပတ်သေချင်သေဆိုပြီး မထားခဲ့ဘူးလေ။"

" ဘာကိုပြောတာလဲဟင်..."

ဇာမဏီတိုင်းက သူ့ေရွှရောင် မျက်လုံးတွေကိုကျဥ်းမြောင်းလျက် ရှေးခရိုင်ကိုကြည့်သည်။
" လွန်ခဲ့တဲ့ ၅နှစ်တုန်းက ကမ်းခြေမှာ ခင်ဗျားကျွန်တော့်ကိုတစ်ယောက်တည်းပစ်ထားပြီးထွက်ပြေးသွားတာလေ။ "

Mr.International Where stories live. Discover now