Mr.International (Part 14)

25.3K 2.1K 200
                                    

Uni,

Mr.International (Part 14)

ရန်ပိုင်ရော မော်ဒယ်ကောင်လေးပါဆေးရုံတင်လိုက်ရပြီး ရှေးခရိုင်နဲ့ ဇာမဏီတိုင်းမှာရဲတွေနဲ့အမေးအဖြေလုပ်နေရသည်။

ရှေးခရိုင်မှာ သူရိုက်ထားသည့်videoအားပြကာ အကျိုးအကြောင်းအကုန်ရှင်းပြသည်။ ကျန်တာကတော့ မော်ဒယ်ကောင်လေးနိုးလာမှ ရဲတွေဆက်စုံစမ်းရမှာဖြစ်သည်။

ရန်ပိုင်၏ဒဏ်ရာမှာသူ့ကား၏ခေတ်မှီအကာအကွယ်တွေကြောင့် သိပ်မပြင်းပဲ
မကြာခင်မှာပြန်နိုးလာခဲ့သည်။ စိတ်ချရသည့်အခြေအနေဖြစ်သည်နှင့် ရဲတွေကသူ့အားဆေးရုံကနေ ဖမ်းခေါ်သွားကြလေသည်။

" တိုင်း မင်းရောဆေးစစ်ကြည့်ပါလားဟင်။တစ်ခုခုထိခိုက်သွားမှာစိုးလို့။"
ရှေးခရိုင်က စိတ်ပူစွာပြောလိုက်ပေမဲ့ ဇာမဏီတိုင်းမှာဂရုမစိုက်။

" ကျွန်တော်က ဘာဖြစ်ရအုံးမှာလဲ ခင်ဗျားသာစစ်ရမှာ။"

" ငါကဘာမှမဖြစ်သွားဘူးလေ။"

ဇာမဏီတိုင်းက သူ့ကိုခေါင်းအစခြေအဆုံးကြည့်ရင်း
"ဦးနှောက်တွေဘာတွေချောင်နေလား စစ်ကြည့်ပါလား။ ဒီလောက်ပြဿနာဖြစ်ပြီး သေတွင်းထဲရောက်ရောက်နေတာ။"

စိတ်ပူ၍ပြောသည်လား ရွဲ့ပြောသည်လား ရှေးခရိုင်မသိ။
သူသိတာက ဒီနေ့ဇာမဏီတိုင်းကသူ့အသက်ကိုကယ်ပေးခဲ့သည်ဆိုတာပင်။
ထို့ကြောင့် စိတ်ရင်းဖြင့်ကျေးဇူးတင်စကားဆိုသည်။

" တိုင်း ဒီနေ့အတွက် ငါမင်းကိုတကယ်ကျေးဇူးတင်ပါတယ်။ မင်းသာမကယ်ရင် ငါသေသွားလောက်ပြီထင်တယ်။ "

" အဲ့ဒါပြောတာလေ ကျွန်တော်သာခင်ဗျားပြေးနေတာမတွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ။ ထားပါ အခုပြောနေလဲ ဘာထူးမှာလဲ ဖြစ်ပြီးနေပြီ။"

" တိုင်း နောက်ပိုင်းငါမင်းအတွက်ကူညီလို့ရတဲ့ကိစ္စတွေရှိရင် အပြည့်အ၀ပြန်ကူညီပေးပါ့မယ်။ ပြီးတော့ အခုပြဿနာထဲဝင်ပါစေမိတဲ့အတွက်လည်းတောင်းပန်ပါတယ် မင်းအလုပ်ရှူပ်တော့မယ်ထင်တယ်။ "

" ကိစ္စမရှိဘူး မန်နေဂျာကိုဖုန်းဆက်ပြီးပြီ။ ရှေ့နေနဲ့သူ့ဘာသာကြည့်ကြပ်လုပ်လိမ့်မယ်။ ဖြစ်နိုင်ရင်တော့ ကျွန်တော်အကြောင်းသတင်းထဲမပါလာပါစေနဲ့ ဇယားရှုပ်လို့။"

Mr.International Where stories live. Discover now