Uni,
Mr.International (Part 47)
ရှေးခရိုင်တစ်ယောက်ဆေးခန်းသွားပြပြီး စိတ်ဓါတ်ကျစွာဖြင့် အိမ်သို့ပြန်လာခဲ့သည်။ Beta...အရင်ကသူအမြဲတမ်းပြန်ဖြစ်ချင်နေခဲ့သည့်Betaဘ၀က အခုမှပြန်ရတော့မည်ထင်သည်။ ဆေးစစ်ချက်ရလဒ်တွေက နောက်ရက်မှအတိအကျထပ်ထွက်မည်ဆိုသော်လည်း လက်ရှိမှာသူ့Pheromone တွေမရှိတော့ပဲ Betaတစ်ယောက်လိုသာဖြစ်နေပြီဖြစ်သည်။
ဒီနှစ်တွေအတောအတွင်းသူသောက်ခဲ့သည့်ဆေးတွေကြောင့်ယခုလိုအာနိသင်တွေပြလာတာဖြစ်လောက်သည်။ ဘာကြောင့်မှန်းမသိ သူ့ဘ၀ကဘယ်တော့မှသူဖြစ်ချင်သလိုမဖြစ်လာပေ။ Betaဘ၀နဲ့အသာကျနေသည့်သူ့ကိုအတင်းomegaပြောင်းစေပြီး အခုomega ဘ၀ကိုအသားကျပြန်တော့
Betaပြန်ဖြစ်တော့မည်။တစ်ချိန်ဇာမဏီတိုင်းနဲ့ပြန်အဆင်ပြေခဲ့လျှင်တောင်
ဘယ်တော့မှပတ်သတ်လို့ရတော့မည်မထင်။ရှေးခရိုင်သူ့ဖုန်းအဟောင်းလေးကိုစက်ဖွင့်ကြည့်လိုက်သည်။
ရွှေဘုန်းမာန်ပြောသလိုပင် ဇာမဏီတိုင်းကသူ့ကိုတကယ်ကြီးလိုက်ရှာနေပုံရသည်။ သူ့ကိုတစ်ချိန်လုံးဖုန်းတွေဆက်ထားပြီး မက်ဆေ့တွေလည်းပို့လို့ထားသည်။ဝေဟင်မောင်ကလည်း ဇာမဏီတိုင်းနဲ့တွဲရင်တောင်စိတ်မဆိုးတော့ကြောင်း၊ အမြဲတမ်းသူငယ်ချင်းဖြစ်နေမှာမို့ သူ့စာတွေဖတ်ဖြစ်ရင် ဖုန်းလေးဖြစ်ဖြစ်ပြန်ခေါ်ပေးဖို့ပြောထားသေးသည်။
သူစာတွေကြည့်နေတုန်းပဲ ဇာမဏီတိုင်းဆီကဖုန်း၀င်လာသည်မို့လန့်သွားသည်။သူဖုန်းပိတ်ထားမှန်းသိတာတောင် ဇာမဏီတိုင်းကတစ်ချိန်လုံးဖုန်းတွေခေါ်နေပုံရသည်။ အဲ့ဒါကြောင့် အခုလိုဖုန်းဖွင့်တာနဲ့တန်း၀င်လာတာဖြစ်သည်။
ရှေးခရိုင် မဝံ့မရဲဖြင့် ကိုင်လိုက်သည်။
"hello... "
သူဖုန်းကိုင်လိုက်သည်နဲ့တစ်ဖက်ကအလောတကြီးပြောလာသည်။
" ရှေး...ရှေး ခင်ဗျားမလားဟင်။"" အင်း...မင်းဘာဖြစ်လို့ငါ့ကိုလိုက်ရှာနေတာလဲတိုင်းရယ်။
ငါစာထဲမှာအကုန်ပြောထားပြီးပြီလေ။"ဇာမဏီတိုင်းလေသံမှာ ပုံမှန်နဲ့မတူပဲ ဝမ်းနည်းပူဆွေးနေသည်။
" ရှေး ခင်ဗျားဘာလို့ဒီလောက်ရက်စက်ရတာလဲဗျာ။ ကျွန်တော်ပြန်လာရင်ပြောစရာတွေရှိတယ်လို့ပြောထားရက်နဲ့...ဘာလို့များကျွန်တော့်ကိုစာလေးတစ်စောင်နဲ့ထားရက်ခဲ့တာလဲ။ခင်ဗျား ကျွန်တော့်ကိုသဘောကျကြောင်းပြောခဲ့တယ်လေဗျာ။"
YOU ARE READING
Mr.International
RomanceOmegaverse(AOB World) fictionပါ။ ဇာမဏီတိုင်း(Mr.International)❤️ရှေးခရိုင် Start Date - 9.4.2024 End Date - ?