Mr.International (Part 36)

16.9K 1.7K 132
                                    

Uni,

Mr.International (Part 36)

ရှေးခရိုင် အလုပ်ကနေပျော်ပျော်ရွှင်ရွှင် ဆင်းလာပြီးကားပေါ်တက်သည်။
ကားစက်နိုးမည်လုပ်တုန်း သူ့ကားမှန်တံခါးကိုလာခေါက်တာကြောင့်
ကားမှန်ကိုချလိုက်သည်။

ထိုသူကလည်းသူ့maskကိုအောက်သို့အနည်းငယ်ဆွဲချွတ်လိုက်သည်။
မြင်လိုက်ရသည့်မျက်နှာကြောင့် ရှေးခရိုင်အနည်းငယ်လန့်သွားသည်။
ထိုသူအား သူမသိပဲနေပါ့မလား။ ရဲရင့်ခံ့ညား...ဇာမဏီတိုင်း၏ညီဟုဆိုရမလားပင်။
​ဟိုးအရင်တုန်းက ဇာမဏီတိုင်းတောင်ရဲရင့်မင်္ဂလာဆောင်ပွဲမှာပြဿနာရှာခဲ့ဖူးသေးသည်။

" သတင်းထောက် ရှေးခရိုင်နော်။"

" ဟုတ်..ဟုတ်ပါတယ် ဘာကိစ္စရှိလို့လဲ။"

" ငါ့ကိုသိလား...ဪ မဟုတ်ဘူး။ ဇာမဏီတိုင်းကိုသိတယ်မလား။
သူနဲ့ကိစ္စလေးတွေရှင်းဖို့မင်းကိုလိုလို့။"

အန္တရာယ်အငွေ့အသက်တွေကြောင့် စကားဆက်ပြောလို့မသင့်မှန်း
ရှေးခရိုင်သိသည်။ထို့ကြောင့် ကားမှန်ပြန်ပိတ်ရန်ပြင်လိုက်ပေမဲ့
သူ့လည်ပင်းသို့အပ်တစ်ချောင်းကမြန်မြန်ဆန်ဆန်ကျရောက်လာပြီးနောက်
မေ့မြောသွားလေတော့သည်။

သူအသိအနည်းငယ်ပြန်၀င်လာချိန်တွင် သူ့အားထိုင်ခုံတစ်ခုံတွင်ကြိုးဖြင့်တုပ်နှောင်နေပြီဖြစ်သည်။ ဘေးဘီကိုဝေ့ဝိုက်ကြည့်လိုက်ပေမဲ့ သူဘယ်နေရာကိုရောက်နေမှန်းအတိအကျမသိပေ။

မြေအောက် အခန်းတစ်ခုအတွင်းတော့ဖြစ်ပုံရပြီ အနံ့အသက်တွေကသိပ်မကောင်းပေ။ အခြေအနေကိုသုံးသပ်ကြည့်လိုက်တော့ သူပြန်ပေးဆွဲခံရမှန်းသိလိုက်ပြီး ကြက်သီးတွေပင်ထသွားရသည်။

" မင်း...မင်းဘာလုပ်နေတာလဲ ။ ငါ့ကိုပြန်ပေးဆွဲတာလား။"

ရဲရင့်ကသူ့ကိုမဲ့ပြုံးပြုံးပြသည်။
" ပြန်ပေးဆွဲတယ်တော့လည်း မဟုတ်ပါဘူး။ ခဏအလည်ခေါ်တာ
ဟိုကောင် ဇာမဏီတိုင်းနဲ့ စာရင်းရှင်းစရာရှိလို့။ "

" မင်းဒီလိုလုပ်တာ တရားမဝင်ဘူးနော်။ မင်းအဖမ်းခံရမှာ"

" ဘာအရေးလဲ ငါ့အဖေတောင်ထောင်ထဲရောက်နေပြီ။
ငါ့မှာလည်းဘာမှမရှိတော့ဘူး။ "

Mr.International Where stories live. Discover now