Uni
Mr.International (Part 5)
ရှေးခရိုင် သူ့လိပ်စာကတ်လေးကိုထုတ်ပေးရင်းမိတ်ဆက်သည်။
" မင်္ဂလာပါ ကျွန်တော်ကNew Landက သတင်းထောက် ရှေးခရိုင်ပါ။"" ဟုတ်ပါပြီ ပြောစရာရှိတာပြောပါ။"
" ယခုသေဆုံးသွားတဲ့ ဇေယျာကျော်မိဘတွေက အစ်မကသူတို့သားရဲ့ရည်းစားလို့ပြောလို့ပါ။ အဲ့ဒါဇေယျာကျော်နဲ့ပတ်သတ်ပြီး အစ်မသိသလောက်လေး ကျွန်တော်ကိုပြန်ပြောပြပေးလို့အဆင်ပြေမလား။"
ဇေယျာကျော်ချစ်သူဆိုတဲ့Alphaအမျိုးသမီးက ခေါင်းညိတ်လိုက်ရင်း
" ဘယ်လိုအကြောင်းအရာမျိုးတွေပြောပြပေးစေချင်လဲ။
ကိုယ်နဲ့တွေ့ရင်တော့ သူကကိုယ့်ကိုအရမ်းကပ်တာ သူ့ရဲ့၀မ်းနည်းမှုတွေပြောပြတယ် အားကိုးအားထားတယ်။ ပြီးတော့ ဇာမဏီတိုင်းကြောင့်ဖိအားများတဲ့အကြောင်းတွေလည်းပြောပြတယ်။"" အရင်ဆုံး အစ်မနဲ့သူ ဘယ်အချိန်ကနောက်ဆုံးတွေ့ခဲ့လဲသိလို့ရမလား။"
" သူနောက်ဆုံးပွဲမကန်ခင်ရက်ကပဲ။ အဲ့နောက်ပိုင်းလုံး၀မတွေ့ဖြစ်ဘူး။"
" ဆိုတော့ သူသတ်သေတဲ့နေ့ သို့မဟုတ် အဲ့ရှေ့ရက်မှာမတွေ့ဖြစ်ခဲ့ကြဘူးပေါ့နော်။"
" အင်း ကိုယ်ကအလုပ်များတယ်လေ ။သူလည်းအလုပ်များတယ် ပုံမှန်ဆိုလည်းသိပ်မတွေ့ဖြစ်ကြဘူး။"
ရှေ့ရက်ကမှ ချစ်ရသူသေဆုံးသွားတာကို၀မ်းနည်းတုန်လှုပ်ဟန်မရှိပဲ ပြန်လည်ဖြေဆိုနေပုံကြည့်ပြီး ရှေးခရိုင်မှာ သံသယ၀င်လာရသည်။
" လောလောလတ်လတ်ချစ်သူဆုံးရှုံးထားတာဆိုတော့ ၀မ်းနည်းနေမှာပဲနော်။"ထိုAlphaအမျိုးသမီးကမဲ့ပြုံးလေးပြုံးလိုက်ရင်း
" ဘာလို့လဲ ကိုယ့်ပုံစံက၀မ်းနည်းနေတဲ့ပုံမပေါ်လို့ အဲ့လိုတမင်မေးတာလား။
သာမာန်လူတွေက ချစ်တဲ့သူတွေသေရင်မစားနိုင်မသောက်နိုင် မလုပ်နိုင်မကိုင်နိုင်နဲ့ အော်ဟစ်ငိုယိုနိုင်ပေမဲ့ ကိုယ်ကတော့အဲ့လိုမဟုတ်ဘူး။အဲ့လိုတွေငိုယိုပြမှအချစ်လို့ခေါင်းစဥ်တပ်မယ်ဆိုရင်လည်းမင်းတို့သဘောပေါ့လေ။ ကိုယ့်ရင်ထဲမှာ ပူလောင်နေတာကိုယ်ပဲသိတာ။"
YOU ARE READING
Mr.International
RomanceOmegaverse(AOB World) fictionပါ။ ဇာမဏီတိုင်း(Mr.International)❤️ရှေးခရိုင် Start Date - 9.4.2024 End Date - ?