Mr.International (Part 21)

25.7K 2.4K 142
                                    

Uni,

Mr.International (Part 21)

" တိုင်း..."
ဝေဟင်မောင်တစ်ယောက် ဇာမဏီတိုင်းကိုတွေ့သည်နှင့် ပြုံးပျော်ရွှင်လျက် ပြေးလာသည်။
" မင်းက ဒီရောက်နေတာကို အစ်ကိုကလိုက်ရှာနေတာ။"

" သတင်းထောက်တွေက ဒီထဲဝင်ခွင့်မရှိဘူးမလား။"

" ဟဲဟဲ အစ်ကိုက​သာမာန်သတင်းထောက်မှမဟုတ်တာ။"

" ဘာလို့ရှာနေတာလဲ အင်တာဗျူးမလို့လား။ အခုဘာမှစိတ်မပါဘူး။"
တစ်ခြားတစ်ယောက်ဆို ဒီထပ်ပိုရင့်ရင့်သီးသီးပြောနိုင်ပေမဲ့ သူ့ဆရာနေခြည်မင်းရဲ့ တူလေးဖြစ်တာကြောင့် ဇာမဏီတိုင်းမှာစိတ်မကြည်သော်လည်း လေသံလျော့ပြောပေးလိုက်သည်။

" ၁၁ရက်နေ့ မင်းမွေးနေ့လေ အဲ့ဒါအရင်လိုငါ့ဦးလေးနဲ့အတူ တစ်ခုခုစားရင်မွေးနေ့ပွဲကျင်းပဖြစ်မှာလားဟင်။"

" အင်း...ဆရာသာအားရင်ပေါ့။"

ဝေဟင်မောင်က သွားအဖြီးသားဖြင့်ဆက်ပြောသည်။
" အဲ့ဒါလေ အစ်ကိုပါအတူပါလို့ရလားဟင်။ ဦးလေးကတစ်ဆင့်ပြောခိုင်းရင်ရပေမဲ့
မင်းအဆင်မပြေဖြစ်မှာလည်းစိုးတာတာ။ ဦးလေးပြောတာဆို အားနာပြီးလက်ခံနေမှာစိုးလို့။

ဒီတိုင်း မင်းရဲ့Big fanအနေနဲ့ အခွင့်အရေးလေး တစ်ခါလောက်ပေးလို့ရမလားဟင်။ အစ်ကိုမင်းနဲ့အတူ တစ်ခါလောက်ဖြစ်ဖြစ် မွေးနေ့ပွဲလေး ဖြတ်သန်းဖူးချင်လို့ပါ။"

ဇာမဏီတိုင်းတို့ စင်္ကြံလမ်းတွင် စကားရပ်ပြောနေကြတုန်း
ဂုဏ်ရှိန်သစ်နဲ့ ရှေးခရိုင်တို့ကလည်း အခန်းထဲမှအပြင်သို့ထွက်လာကြသည်။

ဇာမဏီတိုင်းက ရှေးခရိုင်ထံတစ်ချက်လှမ်းကြည့်ပြီးနောက်
ဝေဟင်မောင်ကိုပြုံးပြကာ ပြန်ဖြေသည်။

" ရတာပေါ့ အစ်ကိုသာပါရင် ကိုယ့်မွေးနေ့ကပိုပျော်စရာကောင်းသွားမှာ။
11 ရက်နေ့ကျဆုံကြတာပေါ့။"

ပြောပြီးသည်နှင့် ဇာမဏီတိုင်းက လှည့်ထွက်သွားသည်။ အကုန်လုံးကို နောက်ကျောပေးပြီးသည်နှင့် မျက်နှာကအပြုံးတွေမှာပျောက်ကွယ်လျက် ခပ်တင်းတင်းမျက်နှာကြောသာ ပြန်ပြောင်းသွားလေသည်။

Mr.International Where stories live. Discover now