Mr.International (Part 44)

13.5K 1.4K 158
                                    

Uni,

Mr.International (Part 44)

ဝေဟင်မောင်မှာ ဂုဏ်ရှိန်သစ်ကိုမသိစိတ်ကစိတ်ပူနေတာကြောင့်
အိမ်မှာမနေနိုင်မထိုင်နိုင်ဖြစ်နေတုန်း သူ့မိဘတွေက ဂုဏ်ရှိန်သစ်တို့အိမ်သွားမည်ဟုဆိုလာသည်။

" မေမေတို့ကဘာသွားလုပ်မလို့လဲ။"

" ထမင်းစားဖိတ်ထားတာကြာပြီး နှစ်ဖက်လုံးအလုပ်တွေမအားတာရော၊
အေးအေးဆေးဆေးစကားဘာညာလည်းပြောချင်ကြတော့ အပြင်သွားမစားတော့ပဲ သူတို့အိမ်ကိုဖိတ်တာ။ သားလည်းလိုက်ခဲ့ပါလားကွယ်။
မင်းအစ်ကိုဂုဏ်ရှိန်သစ်လည်း ဟိုးရက်ကကစားပွဲမှာ ထိခိုက်သွားသေးတယ်မလား သတင်းလေးဘာလေးလိုက်မေးပါလား။"

ဝေဟင်မောင်က အရင်ကလိုသာဆို အိုက်တင်ခံပြီးလိုက်မှာမဟုတ်ပေမဲ့
အခုတော့ဂုဏ်ရှိန်သစ်ကဒဏ်ရာရထားသည်။ အဆင်ပြေရဲ့လား သက်သာရဲ့လား အရမ်းကိုသိချင်နေမိသည်။

" ဟုတ် လိုက်ခဲ့လိုက်မယ်။"

သူလိုက်မယ်ဆိုတော့အစကတည်းက ဂုဏ်ရှိန်သစ်နဲ့နီးစပ်စေချင်နေသော
သူ့အမေမှာ ပျော်ရွှင်သွားတော့သည်။

*******

" အစ်ကိုလေး အောက်မှဧည့်သည်တွေရောက်နေပြီဗျ။"

သူ့အိမ်ကအလုပ်သမားကောင်လေးကဝမ်းသာအားရလာပြေးပြောတော့
ဂုဏ်ရှိန်သစ်ကခေါင်းညိတ်သည်။
" အင်း အန်တီတို့လာမယ်ပြောတာရောက်နေပြီထင်တယ်။
ငါခဏနေဆင်းခဲ့မယ်။"

" အဲ့အတွက်နဲ့တော့ ကျွန်တော်ကအလောတကြီးလာပါ့မလားဗျာ။
သူတို့သား အစ်ကိုဝေဟင်မောင်ပါ ပါတယ်ဗျ။"

ဝေဟင်မောင်ဟုကြားသည်နှင့် ဂုဏ်ရှိန်သစ်မျက်လုံးတွေမှာတောက်ပသွားသည်။
" ဟင် ဝေဟင်ပါလိုက်လာတာလား။"

ပြီးနောက် အလုပ်သမားကောင်လေး၏အဖြေကိုပင်မစောင့်ပဲ
ကမန်းကတန်းအောက်သို့သွားသည်။

အောက်ထပ်ရောက်မှ ကိုယ်ရှိန်ကိုအသာပြန်သတ်ပြီး တည်ငြိမ်စွာဖြင့်ဧည့်ခန်းကို၀င်သည်။ သူ့မိဘတွေကလည်း ဝေဟင်မောင်နဲ့ပြုံးရွှင်စွာ စကားတွေဖောင်ဖွဲ့ပြောနေပြီဖြစ်သည်။

Mr.International Where stories live. Discover now