Uni,
Mr.International (Part 45 )
ဒီဇင်ဘာလ ၃၀ရက်နေ့...
ဒီနေ့ညနှစ်နိုင်ငံချစ်ကြည်ရေး ဘောလုံးFinal ပွဲစဥ်ရှိတာမို့
လူတွေအကုန်လုံးနီးပါးစိတ်လှုပ်ရှားနေကြသည်။ပွဲကညမှစမှာဆိုပေမဲ့ ဇာမဏီတိုင်းမှာအသင်းသားတွေစုရာဆီကြိုသွားရမှာဖြစ်သည်။ မသွားခင် ရှေးခရိုင်နဲ့အလွမ်းသယ်နေသေးသည်။
" ရှေး...ဒီမှာကျွန်တော့်ဂျာစီ ခင်ဗျားသတင်းကြေငြာရင်ဒါ၀တ်ထားပါ။"
ဇာမဏီတိုင်းက သူကျောနံပါတ်11ပါသော ဘောလုံးဂျာစီလေးအား
ရှေးခရိုင်ကိုပေးလာတာဖြစ်သည်။" ဒါလေးဝတ်ပြီး ဒီညကျွန်တော်တို့နိုင်ငံအသင်းနဲ့ အောင်ပွဲသတင်းကိုကြေငြာပေးနော်။"
ရှေးခရိုင်က ခပ်ဖျော့ဖျော့ပြုံးပြရင်း
" တိုင်း ဒီနေ့ငါမင်းတို့ပွဲမှာမရှိလောက်ဘူး။Live သတင်းကြေငြာမဲ့သူက
ငါတို့ဌာနက တစ်ခြားသတင်းထောက်တစ်ဦးဖြစ်မှာ။"" ဪ အဲ့လိုလား။ ဒါပေမဲ့လည်းခင်ဗျားလာမကြည့်ဘူးလား။
ဒီအင်္ကျီလေး၀တ်ပြီးလာကြည့်ပါလား ကျွန်တော်နေရာစီစဥ်ပေးမယ်လေ။"" အင်း အဲ့လိုလည်းရပါတယ်။"
ဇာမဏီတိုင်းက နှစ်ခြိုက်စွာပြုံးလိုက်သည်။
" ကျွန်တော်ဒီနေ့အရမ်းရင်ခုန်နေတယ်။ တစ်ခြားနိုင်ငံတွေနဲ့ အများကြီးကစားဖူးပေမဲ့ နိုင်ငံကြီးနှစ်နိုင်ငံချစ်ကြည်ရေးပွဲမှာပါရတာကပထမဆုံးပွဲလေ။
ဒီပွဲကိုကျွန်တော် ကျိန်းသေပေါက်နိုင်အောင်ကန်မှာ ပြီးရင်ကျွန်တော်ရှေးကိုလိုက်တွေ့စေချင်တဲ့သူတစ်ယောက်ရှိတယ်။"" မင်းတွေ့စေချင်တဲ့သူ ငါလိုက်တွေ့ဖြစ်တော့မယ်မထင်ဘူး တိုင်းရယ်။"
ထိုစကားကိုရှေးခရိုင် စိတ်ထဲကနေသာရေရွတ်ဖြစ်လိုက်သည်။" အင်း... ငါမင်းအန္တရာယ်ကင်းကင်းနဲ့ အောင်ပွဲရနိုင်ဖို့ဆုတောင်းပေးနေမယ်။
မင်းလုပ်နိုင်မယ်လို့လည်းယုံကြည်ပါတယ်။"" ကျွန်တော်မသွားခင် တစ်ချက်လောက်နမ်းပါအုံး။"
ဇာမဏီတိုင်းကပြောရင်း သူ့နှုတ်ခမ်းကိုလက်ညိုးဖြင့်ထိပြသည်။
YOU ARE READING
Mr.International
RomanceOmegaverse(AOB World) fictionပါ။ ဇာမဏီတိုင်း(Mr.International)❤️ရှေးခရိုင် Start Date - 9.4.2024 End Date - ?