Mr.International (Part 2)

26.1K 1.9K 157
                                    

Uni,

Mr.International (Part 2)

ရွှေရောင်ပြိုင်ကားပေါ်မှဆင်းလာသူက အခြားသူတော့မဟုတ် ဇာမဏီတိုင်းပင်။ ခေါင်းအစခြေအဆုံးဝတ်ဆင်ထားသော ၀တ်စုံမှာလည်းခမ်းနားမှုအပြည့် 194cm ရှည်သောအရပ်အမောင်းနဲ့အတူ လူအများကြားထင်းထွက်သွားသည်။

လူငယ်ဆန်ဆန်မျက်နှာချောချောလေးထက်တွင် ခပ်တင်းတင်းကန်ကန်မျက်နှာကြောလေးကလည်းရှိနေသေးသည်။သူ့လက်ချောင်းတွေဖြင့် နေကာမျက်မှန်ကိုချွတ်လိုက်တာကြောင့် လက်ချောင်းတွေတွင်၀တ်ထားသော လက်စွပ်များနှင့် လက်ကောက်၀တ်ရှိတန်ဖိုးကြီးနာရီမှာလက်ခနဲဖြစ်သွားသည်။

ေနကာမျက်မှန်အား သပ်ရပ်စွာဖီးလိမ်းထားသော ဆံပင်ရှိရာခေါင်းပေါ်သို့တင်လိုက်တာကြောင့် လူတကာငေးကြည့်ချင်နေသည့်ရွှေရောင်မျက်လုံးလေးတွေကိုထင်ရှားစွာတွေ့မြင်လိုက်ရသည်။ ။

ဇာမဏီတိုင်းက ခပ်သေးသေးအိတ်လေးကိုယူ၍ သတို့သားနဲ့သတို့သမီးရှိရာကိုသွားသည်။

သတို့သားတဖြစ်လည်း သူ့ရဲ့အဖေတူအမေကွဲလပိုင်းသာကွာသည့်ညီငယ်က အံကြိတ်ရင်း မတိုးမကျယ်ဆိုသည်။

" ဟျောင့် မင်းဒီကိုဘာကိစ္စလာတာလဲ။"

ဇာမဏီတိုင်းက မျက်နှာပျက်နေသောသတို့သမီးကိုတစ်ချက်ကြည့်ပြီး နှုတ်ခမ်းတွန့်ကာပြုံးသည်။
" အမှိုက်လာပစ်တာလေ။ လွန်ခဲ့တဲ့အပတ်ကထိ ငါ့အိပ်ယာပေါ်အတင်းလာလာတွယ်ကပ်နေလို့ ငါလွှင့်ပစ်လိုက်တဲ့အမှိုက်မက ငါ့ဆီမှာအမှိုက်စချန်ခဲ့သေးတယ်။"

ပြောရင်းယူလာသည့်အိတ်ကိုဟကာ အထဲကပစ္စည်းကိုသူ့ညီခေါင်းပေါ်ချသည်။ အနီရောင်အမျိုးသမီးအတွင်းခံတစ်ထည်ပြုတ်ကျလာတာကြောင့် ဘေးကကြည့်နေသောလူများမှာ ရယ်ရမလို ငိုရမလို။

" ရွံစရာကောင်းလွန်ပေမဲ့ မင်းရဲ့လက်ထပ်ပွဲဆိုတော့ လက်ဖွဲ့တော့ပေးသင့်တယ်ထင်လို့လေ။ ဒီအမှိုက်ကမင်းနဲ့လိုက်လို့ တကူးတကလာပေးတာ။"

သူ့ညီကထိုအတွင်းခံကိုလွှင့်ပစ်လိုက်ရင်း ဒေါသတကြီးပြောသည်။
" ဇာမဏီတိုင်း မင်းကိုယ်မင်းအောင်မြင်နေတယ်ဆိုပြီး ဘာကိုမှဂရုစိုက်စရာမလိုဘူးထင်နေတာလား။

Mr.International Where stories live. Discover now