Uni,
Mr.International (Part 25)
"တိုင်း ညဘက်ကြီးဘယ်ကိုလမ်းလျှောက်မှာလဲ။"
ရှေးခရိုင်မှာ ဇာမဏီတိုင်းနောက်အပြေးလိုက်ရင်းမေးနေရတာဖြစ်သည်။
ဇာမဏီတိုင်းမှာ ပံုမှန်သာသွားနေသော်လည်း 194cm ရှိသည့်အရပ်အမောင်းကြောင့် တစ်လှမ်းတစ်လှမ်း လှမ်းတိုင်းအဝေးကြီးကိုရောက်နေသည်။" ဒီတိုင်းညစာစားပြီး လမ်းလျှောက်တာလေ အပိုတွေမမေးပဲလိုက်လာစမ်းပါဗျာ။ သဲသောင်ပြင်မှာ လမ်းလျှောက်ရတာ ဘယ်လောက်ကောင်းလဲ။
နောက်ရက်အိမ်ပြန်ရောက်ရင် ဒီလိုလျှောက်ချင်ရင်တောင် လျှောက်မရဘူး။ "ဇာမဏီတိုင်းကပြောရင်း သူ့ခြေလှမ်းတွေကိုနှေးကာ ရှေးခရိုင်ကိုစောင့်ပေးလိုက်သည်။သူ့နားရောက်လာတော့မှ ရှေးခရိုင်ကိုလက်ကမ်းပေးကာ
" ခင်ဗျား လမ်းလျှောက်တာနှေးတယ် ကျွန်တော့်လက်တွဲထား။"
" ဟင်...မင်းလက်ကိုတွဲရမှာလား။"
ကြောင်ကြည့်နေသည့် ရှေးခရိုင်ကြောင့် ဇာမဏီတိုင်း စိတ်မရှည်ပဲ သူ့ကိုယ်တိုင်ပင် လက်ကိုဆွဲယူလိုက်တော့သည်။
" ကျွန်တော်လက်မတွဲလို့ ပင်လယ်ထဲကထွက်လာတဲ့ရေသရဲလက်နဲ့တွဲမလို့လား။"ရှေးခရိုင်က သူ့မျက်မှန်လေးကိုပင့်တင်လိုက်ရင်း ချောင်းဟန့်သည်။
ပြီးနောက် နှစ်ယောက်သားလက်တွဲရင်း ကမ်းခြေတစ်လျှောက်လမ်းလျှောက်ကာ စကားပြောကြလေသည်။"ခင်ဗျား မျက်ကပ်မှန်ဘာလို့မတပ်ခဲ့တာလဲ။"
" ဟို...မျက်စိနည်းနည်းစပ်နေလို့ ဒီတိုင်းပုံမှန်လိုမျက်မှန်ပဲတပ်လိုက်တော့တာ"
" ခင်ဗျားကအဝေးမှုန်နော် လေဆာနဲ့ကုလိုက်ရင်ပိုအဆင်ပြေမယ်မလား။
မျက်မှန်လည်းမလို မျက်ကပ်မှန်လည်းမလိုတော့ဘူး။"" ဟိုးအရင် အနီးမှုန်တုန်းက ငါလုပ်ဖူးတယ်။ အနီးမှုန်ပျောက်ပြီး ၁နှစ်ကျော်လောက်ကြာတော့ အဝေးမှုန်သွားတာ..."
" အဝေးမှုန်လည်း ကုလို့ရတယ်မလား။"
" ရမယ်ထင်တယ် ငါမလုပ်ဖြစ်တာ။ မဟုတ်တောင် ဒီနှစ်လေဆာနဲ့ထပ်ကုရမလား စဥ်းစားနေတာ။"
YOU ARE READING
Mr.International
RomanceOmegaverse(AOB World) fictionပါ။ ဇာမဏီတိုင်း(Mr.International)❤️ရှေးခရိုင် Start Date - 9.4.2024 End Date - ?