Mr.International (Part 8)

22K 1.9K 113
                                    

Uni,

Mr.International (Part 8)

ရှေးခရိုင်ရဲ့ဖြေသံအပြီး ဇာမဏီတိုင်းကသူ့ကိုသေချာကြည့်ကာ
" မင်း ကျောင်းသားမလား"
ပြောလာတာကြောင့် ရှေးခရိုင်၏ပူပန်မှုလျော့သွားရသည်။

ရုပ်ကလေးနုနေတာဒီနေရာမှာကံကောင်းသွားလေပြီ။
ချက်ချင်းခေါင်းညိတ်ပြလိုက်ရင်း
" ဟုတ် ဟုတ်တယ်ဗျ။"

" ကျောင်းသားဆိုရင်တောင် အခုချိန်ကဒီထဲ၀င်ခွင့်မရှိတော့ဘူးလေ ။ဘာကိစ္စခိုး၀င်လာရတာလဲ။"

ရှေးခရိုင် အကြောင်းပြချက်တစ်ခုကိုအမြန်စဥ်းစားလိုက်ကာ
" ဟို...ကျွန်တော့်ပိုက်ဆံကျပျောက်သွားလို့ပါ။"
ပြောရင်း သူ့အိတ်ကပ်ထဲကပိုက်ဆံလေးအချို့ကိုထုတ်ပြလိုက်သည်။
" ဒီမှာပါဗျ ပြန်တွေ့သွားပြီ တော်သေးတယ် ဘယ်သူမှမယူသွားလို့။"

" ဒီပိုက်ဆံလေးနည်းနည်းအတွက်ညဘက်ကြီးတကူးတကပြန်လာရှာရတယ်ပေါ့။"

ဇာမဏီတိုင်းမယုံမှာစိုး၍ သူ့အားသနားအောင်ထပ်လိမ်ရသည်။
"သူများတွေအတွက် အများကြီးတော့မဟုတ်​ပေမဲ့ ကျွန်တော်အတွက်အရေးကြီးလို့ပါ။ဒီပိုက်ဆံပျောက်သွားလို့ ကျွန်တော်ညစာတောင်မ၀ယ်စားရသေးဘူး။ဒီလအသုံးစရိတ်နည်းနည်းပြတ်နေလို့ပါ။"

ပြီးနောက်စကားလမ်းကြောင်းအမြန်လွှဲသည်။
" အစ်ကိုက ဘောလုံးသမား ဇာမဏီတိုင်း (Mr.International)မလားဟင်။
အားကစားပွဲတော် အစ်ကိုမလာဖြစ်တော့ဘူးသိထားတာ။အစ်ကိုလညတာသိရင်fanတွေအရမ်းပျော်နေတော့မှာပဲ  "

" အင်း တမင်မလာဘူးပြောတာ။ လာမယ်ဆိုတာသိရင် စောက်ရေးမပါတဲ့သတင်းထောက်ကောင်တွေကြိုစောင့်နေကြမှာစိုးလို့။ အလကားဟာတွေ ရှုပ်တယ်။"

ထိုစကားကြောင့်ကြောက်စိတ်ဖုံးကွယ်ရင်း ရှေးခရိုင်တံတွေးလေးမသိမသာမြိုချလိုက်သည်။

" ဒါနဲ့ ဒီမှာမင်းတစ်ယောက်ထဲလား။ "

" ဟုတ်တစ်ယောက်ထဲပါဗျ အခုပြန်ထွက်တော့မှာပါ။"

ဇာမဏီတိုင်းကဘေးဘီကိုတစ်ချက်ထပ်ကြည့်လိုက်သည်။
" ကျိန်းသေပေါက် ခဏကလတ်လတ်ဆတ်ဆတ်စတော်ဘယ်ရီ Pheromone ရနံ့တွေရလိုက်တာကို။မင်းဆီကတော့မဟုတ်ဘူးမလား။ "

Mr.International Where stories live. Discover now