Mr.International (Part 33)

23.3K 1.6K 200
                                    

Uni,

Mr.International (Part 33)

ရှေးခရိုင် မနက်နိုးလာတော့ အလုပ်သွားရန် ပြင်ဆင်ပြီး
အခန်းပြင်သို့ထွက်လာခဲ့သည်။ရှေ့တစ်ရက်က ဇာမဏီတိုင်းအား
နိုင်ငံကိုယ်စားပြုစားရင်းထဲ ပါဝင်ကြောင်း အစိုးရကပြန်လည်ထုတ်ပြန်လာပြီး
ဒေါသထွက်နေသည့် လူအုပ်ကြီးနဲ့တကွ ဇာမဏီတိုင်းကိုပါ ပြန်လည်တောင်းပန်သွားခဲ့သည်မို့ ရှေးခရိုင်စိတ်တွေပေါ့ပါးနေသည်။

ဇာမဏီတိုင်းက မှန်မှတစ်ဆင့် အပြင်ဘက်ကိုငေးကြည့်နေကာ ဖုန်းပြောနေသည့်နောက်ကျော ပုံရိပ်လေးကိုတွေ့လိုက်ရသည်။
" အင်း စီစဥ်ထားတဲ့အတိုင်း အကုန်အဆင်ပြေနေပြီပဲ
ဘာစောင့်နေအုံးမလဲ။အလဲလဲအကွဲကွဲဖြစ်မဲ့ သူတို့မိသားစုပုံစံကိုချင်နေပြီ။"

" ..... "

" ဒါပေါ့ တစ်သက်လုံးနာလန်မထူနိုင်အောင်လုပ်ပစ်ချင်တာ။
ဒါပဲ ကိစ္စရှိရင်ဖုန်းထပ်ဆက်လိုက်။"

ဖုန်းပြောပြီး အနောက်လှည့်လာ၍ ရှေးခရိုင်ကိုတွေ့သွားသည်။
" ရှေး...ခင်ဗျား အလုပ်သွားတော့ မလို့လား။"

" အင်း..."

ဇာမဏီတိုင်းက သူ့နားကိုလျှောက်လာရင်း ပါးပြင်လေးကိုဖြတ်ခနဲနမ်းလိုက်သည်။
" ညမှတွေ့မယ်နော် စောစောပြန်လာခဲ့။"

ရုတ်တရုတ်မို့ ရှေး​ခရိုင်မှာသူ့ပါးပြင်လေးသူစမ်းသည်။
တကယ်မဟုတ်မှန်းသိပေမဲ့ တိုင်း၏ချစ်သူရည်းစားအစစ်တွေလို
အပြောအဆိုအထိအတွေ့တွေက သူ့ကိုရင်ခုန်လှုပ်ရှားစေသည်။

"  ဒီနေရာcctvရှိတယ်လေ မနမ်းပါနဲ့။ "

Berry ကိစ္စဖြစ်ပြီးကတည်းက ခြံဝန်းထဲနှင့်အလုပ်သမားတန်းလျား
တွေတွင် သာမက အိမ်ကြီးထဲက အချို့နေရာတွေကိုပါcctvတပ်ထားလိုက်တာဖြစ်သည်။

ဇာမဏီတိုင်းက ပြုံးရင်း ရှေးခရိုင်နားသယ်စလေးကိုကိုင်သည်။
" နမ်းတာလေးကို ဘာဖြစ်လဲဗျာ။
ဟိုတလောက အချစ်ပွဲလေးကျင်းပခဲ့တဲ့နေရာလည်း
Cctvရှိတာပဲလေ။"

ရှေးခရိုင်က မျက်လုံးလေးပြူးလျက် ထိတ်လန့်သွားသည်။
Cctvရှိသည်ဟုသူထင်သည့်နေရာတိုင်း ဇာမဏီတိုင်းလက်ကလွတ်အောင်ပြေးခဲ့ပေမဲ့ ဒီတစ်ခါတော့ ခံလိုက်ရပြီဖြစ်သည်။

Mr.International Where stories live. Discover now