Mr.International (Part 24)

24.3K 1.8K 160
                                    

Uni,

Mr.International (Part 24)

ဇာမဏီတိုင်းက ရေကူးသင်ပေးမယ်ပြောတာကြောင့် ရှေးခရိုင်စိတ်တွေလှုပ်ရှားနေသည်။ ရေကူးတက်ချင်ပေမဲ့ ဘယ်တော့မှသင်ဖို့အခွင့်မသာခဲ့ဖူးပေ။

" တိုင်း အခုသင်ပေးမှာမလား။"

" အရမ်းတွေသင်ချင်နေပြီပေါ့ ရေနစ်သတ်ခံရမှာစိတ်မပူဘူးလား။"

" တိုင်း မင်းနော်..."

ဇာမဏီတိုင်းကရယ်မောရင်း သူ့အင်္ကျီကိုချွတ်လိုက်သည်။
" သင်မယ်ဆိုလည်းသင်တာပေါ့။"

" Ok  ခဏလေးနော် Lotionလေးဘာလေးလိမ်းလိုက်အုံးမယ်။"
ပြောပြီး ရှေးခရိုင်မှာအင်္ကျီဆွဲချွတ်၍ သူ့ခန္ဓာက်ိုယ်အနှံ့လိမ်းပြန်သည်။

ကျောကုန်းကိုမမှီမကမ်းဖြင့်လိမ်းနေသော ရှေးခရိုင်ကိုကြည့်ရင်း
တိုင်းကစိတ်မရှည်တာလား ဘာလားမသိကူးလိမ်းပေးရန်လုပ်တော့သည်။

"ပေးပေး ကျွန်တော်လိမ်းပေးမယ်အရမ်းကြာတာပဲ။"

" ရပါတယ်။"

" ပေးပါ..."
ဇာမဏီတိုင်းဘူးကိုဆွဲယူလိုက်ပြီး Lotionတွေညစ်ထုတ်ကာသူကိုယ်တိုင်လိမ်းပေးသည်။

ရှေးခရိုင်မှာမတားတော့ပဲ ကျောက်ရုပ်ကြီးလိုမလှုပ်မရပ်ဖြစ်သွားလေသည်။
ဇာမဏီတိုင်း၏မကြမ်းတမ်းသလို နူးညံ့ေနတာလည်းမဟုတ်သော လက်ဖဝါးကျယ်ကြီးမှာ သူ့ကျောပြင်ထက်ပြေးလွှားပွတ်သပ်နေသည့်အထိအတွေ့ကြောင့် မလှုပ်ရဲတော့တာဆိုပိုမှန်မည်။

နှစ်ယောက်ကြား ဒီထက်ပိုသောအထိအတွေ့တွေအများကြီးရှိခဲ့ပေမဲ့ ယခုလိုသာမာန်အခြေအနေမှာတော့ ပထမဆုံးပင်။
ရှေးခရိုင်စိတ်လှုပ်ရှားမှုနဲ့အတူနားဖျားလေးတွေပါနီရဲလာတော့သည်။

" ကဲပြီးပြီ အလှကြိုက်တဲ့မမ"

ရှေးခရိုင် ဇာမဏီတိုင်းဘက်သို့လှည့်ကြည့်ရင်း
" ဘာမမလဲ...မင်းနော် ငါအလှကြိုက်တာမဟုတ်ဘူး။
အသားမညိုချင်တာ။"

ဇာမဏီတိုင်းက နီရဲနေသည့်ရှေးခရိုင်နားဖျားလေးတွေကိုထိရင်း
" ဒါလေးစတာကိုရှက်စရာလား နားရွက်တွေကဘယ်လိုဖြစ်လို့နီလာတာလဲ။"

Mr.International Where stories live. Discover now