Mr.International (Part 3)

24.8K 2.1K 97
                                    

Uni,

Mr.International (Part 3)

မှုခင်းဆရာ၀န်တဖြစ်လည်း ရှေးခရိုင်၏လျှို့၀ှက်ချက်ကိုသိသူ
ဒေါက်တာ ရွှေဘုန်းမာန်။

ရှေးခရိုင်ကိုစစ်ဆေးမှုပြုလုပ်ပေးပြီးနောက် အခြေအနေကိုရှင်းပြသည်။

" အခုတော့ မင်းအခြေအနေတည်ငြိမ်နေတယ်ရော။
ငါ့ Pheromone အနံ့လည်းမရဘူးမလား။"

ရှေးခရိုင်ကခေါင်းခါရင်း
" အခုမရတော့ဘူး ။ ကျွန်တော်ဆေးထပ်သောက်လိုက်တာ။"

"  ဇာမဏီတိုင်းကြောင့် ရုတ်တရက်ကြီး မင်းPheromone ရနံ့တွေပါပွင့်ထွက်လာတဲ့သဘောပါ ။ဇာမဏီတိုင်းက Dominant Alphaမလား။
ကြည့်ရသလောက်ကတော့ သူ့Pheromone တွေအားပြင်းတဲ့အချိန်မင်းသူနဲ့ဝေးဝေးရှောင်မှရမယ်။မဟုတ်ရင် ဆေးကလည်းထိန်းပေးနိုင်ဖို့မသေချာဘူး
မင်းheat ဝင်သွားနိုင်တယ်နော်။ "

ရှေးခရိုင်ကအခုထိရင်တုန်နေသေးသည့်ဟန်ဖြင့်
" ဟုတ်လောက်မယ် ကျွန်တော်ဖြင့်အဲ့တုန်းကလန့်သွားတာပဲ။
တစ်ခါမှ ဒီလောက်အားပြင်းတဲ့Alpha ရနံ့မရဖူးဘူး။
ဘယ်လိုပြောရမလဲ သူ့အနံ့ကတော်တော်ယစ်မူးပြီးရုန်းထွက်ဖို့ခက်ခဲတာ။
အတူရှိနေတဲ့ Alphaဆို သူPheromone ခပ်ပြင်းပြင်းလွှတ်လိုက်တဲ့အချိန်ပြေးတာတန်းနေတာပဲ။ နောက်တော့ ကျွန်တော့်ဆီပါရောက်လာတာ။"

" မင်းအရင်လိုBetaမဟုတ်တော့ဘူးနော် ရှေးခရိုင်။ မင်းOmegaလုံးလုံးပြောင်းသွားပြီ။ ဆေးတွေသောက်နေလို့သာ Betaလိုမျိူးဖြစ်နေတာ။ထိန်းချုပ်ဆေးတွေကလည်း ကြာရင်ဆိုးကျိုးရှိတယ်။ မင်းအမြဲဖုံးကွယ်နေလို့မရဘူး။ပြီးတော့ ဇာမဏီတိုင်းလို Pheromone အားပြင်းတဲ့Alphaမျိုးနဲ့တွေ့ရင်လည်း မလွယ်ဘူး။"

" ကျွန်တော်လည်း သူနဲ့မတွေ့အောင်အတက်နိုင်ဆုံးရှောင်ပါတယ်။
အခုတလောမှဘာဖြစ်နေလဲမသိဘူး ခဏခဏတွေ့နေရတာ။"

" တစ်ခြားOmega တွေကတော့ ဇာမဏီတိုင်းရနံ့ကိုတန်းတန်းစွဲပဲ။
Gurkha Royal Courtesan Cigar ရနံ့ ။အပြင်မှာ သူ့ရနံ့လို Cigarတစ်လိပ်လေးကို Dollars 1million ကျော်လောက်ပေး၀ယ်ရတာလေ။

တစ်ချို့တွေသူ့ကိုအရမ်းကြိုက်ပေမဲ့ သူ့နားကပ်မရလို့ အဲ့Cigarလေး၀ယ်ဖို့အလုအယက်ဖြစ်နေကြတာ။
မင်းရောအခုကြုံခဲ့ရတော့ဘယ်လိုလဲ စိတ်မလှုပ်ရှားသွားဘူးလား။"

Mr.International Where stories live. Discover now