Mr.International(Part 31)

21.6K 2.1K 191
                                    

Uni,

Mr.International (Part 31)

" မဖြစ်နိုင်တာ အစိုးရကကျပ်မပြည့်တာလား။
ဇာမဏီတိုင်းလို ကစားသမားကိုချန်ထားတယ်ပေါ့။"

" အကြောင်းပြချက်တစ်ခုခုတော့ လိုချင်တယ်။"

" ဟုတ်တယ် ဒီလောက်တော်တဲ့လူကိုဖြုတ်ထားတာ
အကြောင်းပြချက်တော့ သိမှရမယ်။"

" စောက်ရမ်း ရုပ်ပေါက်တယ်နော်။ငါတို့Mr.International
ကိုချန်ထားစရာအကြောင်းမရှိဘူး။"

" အပေါ်ကဟာတွေ အဲ့လောက်နာမနေကြနဲ့ ။ နင်တို့ကောင်ကတော်ပေမဲ့
အားကစားစိတ်ဓါတ်မှမပြည့်၀တာ မပါတာပိုကောင်းတယ်။"

" ဟုတ်ပ သူ့စိတ်ကြီးပဲ ဒေါသကြီးတဲ့ကောင် ပြုတ်တာတောင်နည်းသေး။"

" သူမပါလည်းဘာဖြစ်လဲ တစ်ခြားကစားသမားတွေလည်း မညံ့ပါဘူး။
သူမပါရင်ပဲ ရှုံးတော့မလိုတွေဖြစ်နေကြတာ "

" လာပါပြီ ခွေးတွေလိုပဲ ကိုက်ဖို့စောင့်နေကြတဲ့ဟာတွေ။
နင်တို့ခမျာလည်း သနားစရာ ငါတို့တိုင်းကမပါရလည်းဘာမှမဖြစ်သွားဘူး။
တိုင်းမပါပဲ တစ်ဖက်နိုင်ငံကိုတကယ်ရှုံးခဲ့မှ ထိုင်ငိုနေရမယ်နော်။"

" ဒီလိုအချိန်ဆို ဘယ်အပေါက်ကထွက်လာကြမှန်းမသိတဲ့ antiတွေ။
ငါတို့ဇာမဏီတိုင်း ဆုတွေတစ်ဆုပြီးတစ်ဆု နှစ်တိုင်းယူနေရတဲ့အချိန်ဆို
နင်တို့အပေါက်တွေပိတ်နေရတယ်မလား။"

" ဟုတ်ပ သူတို့စောက်ဆင့်နဲ့များ ငါတို့Mr.International ကို
လာဝေဖန်နေသေးတယ်။ ခြေနံ့တောင်ရှူနိုင်အောင် အရင်ကြိုးစားလိုက်အုံး။"

Social မီဒီယာပေါ်တွင် သဘောကျသူများရော မကျသူများပါ ပွဲဖြစ်နေချိန်တွင် ဇာမဏီတိုင်းမှာလည်း နားမလည်နိုင်ဖြစ်နေရသည်။

ကျိန်းသေပေါက်သူပါမယ်ထင်ထားပေမဲ့ ယခုတော့နာမည်ကြီးတွေထဲ သူတစ်ယောက်ထဲကွက်ပြုတ်သွားသည်။

" စောက်ရေးမပါတာ..."

နေခြည်မင်းကလည်း ဖုန်းဆက်ခဲ့သည်မို့ ကိုင်လိုက်သည်။
" ဆရာ...သတင်းတွေ့လား။"

" အင်း တွေ့တယ်။ မင်းအခုဘယ်မှာလည်း လေ့ကျင့်ရေးကွင်းမှာလား။"

Mr.International Where stories live. Discover now