Mr.International (Part 17)

26.5K 2.2K 233
                                    

Uni,

6လပိုင်း11ရက်နေ့မှာမွေးဖွားတဲ့ မွေးနေ့ရှင်ကြီး ဇာမဏီတိုင်း
(Mr.International)ရေ Happy Birthday ပါရှင့်
ရှေးခရိုင်အပေါ်ကိုလည်း လေသံလေးလျော့ မျက်နှာဆိုးကြီးနဲ့မအော်နဲ့ မဆူနဲ့
ဟိုကအကောင်သေးပေမဲ့ ရှင့်ထက်အသက်ပိုကြီးပါတယ်လို့🫶

ဇာမဏီတိုင်းနဲ့မွေးနေ့တူတဲ့သူတွေလည်း Happy Birthday ။
အရှင်းဆုံးပြောရရင် ဒီလမှာမွေးတဲ့သူတွေအကုန်HBDပါ🙆‍♀️💙။

Mr.International (Part 17 )

ရှေးခရိုင်တစ်ယောက်နေ့လည် အလုပ်အားတုန်းလေး ကမန်းကတန်း လတ်တလောနေဖို့အဆောင်ရှာရသည်။
" ဟူး နေရာကောင်းရင်စျေးကြီး၊ စျေးမကြီးရင် နေရာကမကောင်း
တကယ်ပဲဘယ်လိုလုပ်ရမှာလဲကွာ။အိမ်ပြင်ရင်ကလည်း
ပိုက်ဆံအများကြီးကုန်အုံးမှာ "

လိုင်းပေါ်ကနေရှာကြည့်တော့ အခန်းခတွေမှာ စျေးကြီးလွန်းနေတာကြောင့် ရှေးခရိုင်သက်ပြင်းသာအခါခါချနေမိတော့သည်။
ဇာမဏီတိုင်းအိမ်မှာလည်း သူဆက်မနေချင် ။ သူဇာမဏီတိုင်းနဲ့ရှိတိုင်း အဆုံးသတ်ကကောင်းတာတစ်ခါမှမရှိဖူးသေး။

" မဖြစ်ဘူး ဘယ်လိုဖြစ်ဖြစ်ရအောင်ရှာရမှာပဲကွာ။ မနေ့ညကမလွှဲသာလို့ သူ့ဆီလိုက်နေရတာ ။ သူနဲ့ဆက်နေရင် ဘာတွေဖြစ်အုံးမလဲမသိ ပိုက်ဆံကုန်မှာထက် အဲ့ဒါကပိုကြောက်စရာကောင်းတယ်။"

ညနေအလုပ်ဆင်းတော့ လတ်တလောနေဖို့ထိုင်ဖို့ အခန်းတစ်ခန်းသွားငှားလိုက်သည်။ ငှားပြီးနောက် ဇာမဏီတိုင်းအိမ်ပြန်ကာ အ၀တ်တွေယူမယ်လုပ်တုန်း
ဆောက်လုပ်ရေးဆိုက်ကဖုန်းဆက်လာလေသည်။

" ဟင် လက်မှတ်..ဘာလက်မှတ်ထိုးရမှာလဲဗျ။ မနက်ကမီးဖိုချောင်ခန်းလေးပြင်ဖို့နဲ့ နည်းနည်းပျက်ဆီးသွားတဲ့နေရာတွေပြင်ဖို့ ကျွန်တော်တို့ပြောပြီးပြီမလား..."

တစ်ဖက်ကပြန်ဖြေလာသည့်စကားကြောင့် ရှေးခရိုင်မှာ သူ့အိမ်အမြန်ပြန်ပြေးရတော့သည်။

သူ့အိမ်ရှေ့ရောက်တော့ အိမ်မရှိတော့ပေ အကုန်ဖြိုချပြီးနေပြီဖြစ်သည်။

Mr.International Where stories live. Discover now