Uni,
Mr.International(Part 4)
"ဘယ်လိုဖြစ်ရတာလဲ ဝေဟင်မောင်ရာ။ရုံးကနေထွက်သွားတာမှ ၁နာရီမရှိသေးဘူး ခြေထောက်မှာကကျောက်ပတ်တီးနဲ့။"
ဝေဟင်မောင်က ဆေးရုံကုတင်ပေါ်ကနေ မျက်နှာလေးရှုံတွပြရင်း
" မပြောချင်တော့ဘူး ခရိုင်ရာ ။တိုင်းအတွက်အမှန်တရားဖော်ပြီးသတင်းလိုက်မလို့ပါဆိုမှ လမ်းမှာခွေးပေါက်စလေးတစ်ကောင်ကို့လို့ကန့်လန့်လုပ်နေတာနဲ့ ရှောင်လိုက်ရင်း ငါဒီလိုဖြစ်သွားတော့တာပဲ။"" တော်သေးတာပေါ့ ဒီလောက်ပဲထိခိုက်လို့။ မင်းဖုန်းဆက်လာတုန်းကအရမ်းလန့်သွားတာ။"
ဝေဟင်မောင်က ရှေးခရိုင်လက်ကိုအားကိုးတကြီးလှမ်းကိုင်ရင်း
" ခရိုင် ငါ့ကိုကူညီပါ။"" ဟင်ဘာကိုလဲ...။"
" တိုင်းကိစ္စလေ အဲ့သတင်းမင်းလိုက်ပေး။ "
" ဇာမဏီတိုင်းကိစ္စက ဘာလိုက်လို့ရမှာလဲ ။ အမှုကိစ္စကျ မှုခင်းသတင်းထောက်တွေနဲ့ ရဲတွေသူ့ဘာသာလိုက်မှာပေါ့။"
" အဲ့ဒါကြောင့်ပြောတာလေ မင်းကအရင်ကအရမ်းတော်တဲ့မှူခင်းသတင်းထောက်ပဲဟာ။ ငါ့ကိုကူညီနော်..နော်လို့..."
ဝေဟင်မောင်က ကလေးလေးလိုပူဆာရင်းသူ့ခြေထောက်ကိုလည်းပြကာ
"ကြည့်အုံး ငါဒီခြေထောက်နဲ့ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။"" အဲ့သတင်းကတစ်ခြားလိုက်နေတဲ့သူတွေရှိတယ်လေကွာ"
ဝေဟင်မောင်ကခေါင်းခါသည်။
" ဟင့်အင်း ငါတစ်ခြားသူတွေမယုံဘူး။ တစ်ချို့ကတိုင်းကိုမုန်းနေကြတာ
အမှန်တရားဖော်မဲ့အစား ပြဿနာပိုကြီးအောင်လုပ်မဲ့သူတွေရှိတယ်။ငါလိုချင်တာအမှန်တရား အဲ့လူတွေဘုမသိဘမသိ၀င်ယောင်ပြီးထင်ကြေးပေးပြီး အတင်းလုပ်ယူထားတဲ့ အမှန်တရားဆိုတာကြီးကိုမလိုချင်ဘူး။
အဲ့အတွက်လည်းငါတို့ကကြိုးစားရမှာ။ခရိုင်မင်းငါ့ကိုကူညီစမ်းပါ။
အခုအလောင်းကိုစစ်ဆေးနေကြတုန်း အဲ့မှာလည်းစုံစမ်းရမယ်။ပြီးတော့တိုင်းအကြောင်းသူများတွေလျှောက်ထင်ကြေးပေးနေကြတဲ့အချိန်မှာ
အသင်းထဲကကစားသမားတွေကို အင်တာဗျူးစေချင်တယ်။"
YOU ARE READING
Mr.International
RomanceOmegaverse(AOB World) fictionပါ။ ဇာမဏီတိုင်း(Mr.International)❤️ရှေးခရိုင် Start Date - 9.4.2024 End Date - ?