Uni,
Mr.International (Part 7)
ရှေးခရိုင် ဇာမဏီတိုင်းအိမ်ရောက်လာရသည့်အကြောင်းအရင်းမှာ City Mall တစ်ခုတွင်စျေး၀ယ်ပြီးအပြန်တွင်ဖြစ်သည်။
အိမ်အတွက်လိုအပ်သည့်ပစ္စည်းအချို့နဲ့ မျက်မှန်အသစ်စက်စက်လေးအား
၀ယ်ပြီး ကားပါကင်သို့ဆင်းလာခဲ့သည်။သူ့ရဲ့ဆိုင်ကယ်လေးပေါ်တက်လိုက်ပြီး
" အပြန်ကျရင် ကိတ်၀င်၀ယ်ရအုံးမယ်။ ပြီးတော့ ဘာကျန်သေးလဲ"
စဥ်းစားနေတုန်း အနောက်ကနေ သူ့ဂုတ်အားလူတစ်ယောက်က ရုတ်တရက်ကိုင်ကာ ဆိုင်ကယ်ပေါ်မှ ဆွဲချပစ်လိုက်သည်။ဆိုင်ကယ်လည်းလဲသွားသလို ရှေးခရိုင်မှာလည်းလန့်သွားရသည်။
သူဘာမှပြန်မလုပ်နိုင်သေးခင် ထိုလူကသူ့အား လည်ပင်းညစ်လာသည်။" မင်းကဘာသိလို့ ငါ့ကိစ္စတွေ၀င်ပါရတာလဲ။ ဒီတိုင်းထားလိုက်သင့်တာ ကျော်လည်းသေသွားပြီ ဇာမဏီတိုင်းကလည်းနာမည်ပျက်သင့်တာ မင်းလုပ်လို့အခုအစီအစဥ်တွေပျက်ကုန်တယ်မလား။သေလိုက်တော့ သူများကိစ္စ၀င်ပါချင်တဲ့ကောင် "
Mask အုပ်ထားပင်မဲ့ ပြောလာသည့်စကားကြောင့် ဇာခြည်စိမ်းဖြစ်မှန်း ရှေးခရိုင်သိသွားရသည်။ဇာခြည်စိမ်း၏လက်အားဆွဲဖယ်ရင်း ထိုနေရာတွင်ရုန်းရင်းဆန်ခတ်ဖြစ်ကုန်သည်။ လည်ပင်းအစ်နေတာကြောင့် ရှေးခရိုင်မှာမအော်နိုင်သေး။
အတင်းရုန်းကန်လိုက်မှ ဇာခြည်စိမ်းလက်ကလွှတ်သွားပြီး အော်ဟစ်အကူအညီတောင်းမိသည်။အသံတွေကြောင့် လူတွေရောက်လာတော့ ဇာခြည်စိမ်းမှာထွက်ပြေးသွားသည်။ သို့ပေမဲ့ မကြာခင်ပြန်လာရှာမည်ဆိုသည့်အကြည့်မျိုးဖြင့်ကြည့်သွားသေးတာကြောင့် ရှေးခရိုင်မှာထိတ်လန့်ရသည်။
ရဲစခန်းရောက်ကာအဖြစ်အပျက်တွေပြောပြနေတုန်း ဝေဟင်မောင်ဦးလေး၊ဇာမဏီတိုင်းရဲ့ဆရာဖြစ်သူမှာ ဖုန်းဆက်လာသည်မို့ အကြောင်းစုံသိသွားပြီး ဇာမဏီတိုင်းအိမ်မှာနေခိုင်းတာဖြစ်သည်။
" မလုပ်ပါနဲ့ ကျွန်တော်တစ်ခြားလုံခြုံတဲ့နေရာ ကိုယ့်ဘာသာရှာနေပါမယ်ဗျာ။"
" ဇာမဏီတိုင်းအိမ်ကအလုံခြုံဆံုးပဲ အိမ်ရောခြံရော အကျယ်ကြီး security လည်းအပြည့်၊ ပြီးတော့ မင်းကသူ့ကိစ္စကြောင့် ဒီလိုဖြစ်ရတာဆိုတော့ သူ့မှာလည်းတာ၀န်ရှိတယ်လေ။ မဟုတ်တောင် ငါအခုမင်းဆီဖုန်းဆက်တာက
ကျေးဇူးတင်လို့ တစ်ခုခုပြန်လုပ်ပေးချင်လို့အတော်ပဲဖြစ်သွားတာပေါ့။
ရဲစခန်းမှာပဲစောင့်နေ တစ်ယောက်ထဲ အိမ်မပြန်နဲ့ ငါ့လူတွေလွှတ်လိုက်မယ်။
ပြီးမှလိုတာ၀င်ယူပြီး ဇာမဏီတိုင်းအိမ်သွား။"
YOU ARE READING
Mr.International
RomanceOmegaverse(AOB World) fictionပါ။ ဇာမဏီတိုင်း(Mr.International)❤️ရှေးခရိုင် Start Date - 9.4.2024 End Date - ?