Uni,
Mr.International (Part 13)
ရှေးခရိုင်ပြောပြသည်များကို ရွှေဘုန်းမာန် ပါးစပ်အဟောင်းသားဖြင့်နားထောင်ပြီးချိန်တွင် ဆူငေါက်တော့သည်။
" ဒီလောက်ကိစ္စကြီးဖြစ်သွားတာကို မင်းတစ်ပတ်နေမှငါ့ဆီရောက်လာတယ် ပေါ့လေဟုတ်လား။ နေလက်စနဲ့ တစ်သက်လုံးဖုံးထားလိုက်ပါလား။"
" ကိုဘုန်းကလည်း ...ကျွန်တော်က ဒီတိုင်းအဆင်ပြေသွားမယ်ထင်နေတာ။"
" အေး ကောင်းတယ် အခုတော့ အမှတ်အသားကြီးကမပျောက်ပဲကျန်နေတယ်ပေါ့လေ။ မင်းကို ငါပြောထားပါတယ် အဲ့ဇာမဏီတိုင်းနဲ့ခပ်ဝေးဝေးနေတာအကောင်းဆုံး သူ့Pheromone တွေကပြင်းတယ်။ သာမာန်Alpha တစ်ယောက်ကိုတောင် ဖိနှိပ်နိုင်တဲ့ သြဇာတိက္ကမ တွေရှိတာ မင်းလိုဟိုမရောက်ဒီမရောက် Omegaလေးက သူ့လက်ထဲကြေမွသွားလိမ့်မယ် သိရဲ့လား။"
ရှေးခရိုင်ကမျက်နှာငယ်လေးဖြင့်
" ဟုတ် ကျွန်တော်နောက်တစ်ခါသတိထားပါ့မယ် သူနဲ့လည်းဝေးဝေးနေပါ့မယ်။လောလောဆယ် ယာယီအမှတ်အသားကဘာလို့ပျောက်မသွားလဲသိချင်တာ ။ပုံမှန်ဆိုရက်ပိုင်းပဲ မဟုတ်ဘူးလားဟင်။"ရွှေဘုန်းမာန်က ထိုအခါမှစိတ်လျော့ပြီးစမ်းသပ်မှုများ လုပ်ပေးတော့သည်။
" အမှတ်အသားက ယာယီအမှတ်အသားပါပဲ။ ဒါပေမဲ့ ပုံမှန်ထက်ဘာလို့အခုလိုကြာရှည်ရှိနေလဲက ငါချက်ချင်းအဖြေမပေးနိုင်ဘူး။ အထူးသဖြင့် မင်းအကြောင်းမင်းသိသားနဲ့ ရိုးရိုးတန်းတန်းသူများတွေလို omegaအစစ်မှမဟုတ်တာ အရင်တုန်းကအဲ့လူသာ မင်းကိုဘေးထွက်ဆိုးကျိုးများလွန်းတဲ့ ဆေးတွေအတင်းမထိုးပေးခဲ့ရင် မင်းကအခုချိန်betaပဲ။
လက်ရှိမှာomegaဖြစ်နေပြီဆိုပေမဲ့ ပုံမှန်omegaတွေလိုတော့မဟုတ်နိုင်ဘူး။
ငါအရင်ကပြောခဲ့သလိုပဲ တစ်ခြားomegaတွေလို မင်းမှာကိုယ်၀န်ဆောင်နိုင်ဖို့အလားအလာလည်းသိပ်မရှိဘူး။ ပြီးတော့အဲ့တုန်းကဘေးထွက်ဆိုးကျိုးတွေကြောင့် ပုံမှန်နဲ့မတူတဲ့ ကိစ္စတွေအများကြီးဖြစ်နိုင်တယ်။"ရှေးခရိုင်ကသေချာနားထောင်နေရင်း
" အဲ့ဒါဆို ဒီအမှတ်အသားကြီးကဘယ်အချိန်ပျောက်မလဲမသိနိုင်ဘူးပေါ့နော်။ ဟို ခွဲစိတ်ပြီးဖြတ်ထုတ်တာမျိုးရောဟင် "
YOU ARE READING
Mr.International
RomanceOmegaverse(AOB World) fictionပါ။ ဇာမဏီတိုင်း(Mr.International)❤️ရှေးခရိုင် Start Date - 9.4.2024 End Date - ?