Uni,
Mr.International (Part 32)
နေခြည်မင်း ကားပေါ်တက်ပြီးတာနဲ့ ဘုန်းရာဇာသွေးကိုဆူသည်။
" မင်းနဲ့ငါတော့ သေချာစာရင်းရှင်းမှရတော့မယ်။
မင်းအမြဲအခုလိုလုပ်နေလို့မရဘူး။"ဘုန်းရာဇာသွေးက မျက်နှာငယ်လေးဖြင့်ကြည့်ရင်း
" ဘာကိုလဲဟင်..."" ဘာကိုလဲ ဟုတ်လား။ ငါအပြင်သွားရင် ၅မိနစ်တစ်ခါ ဖုန်းဆက်နေတဲ့ကိစ္စ၊
ပြီးတော့အခု လာခေါ်စရာလား ငါက ကလေးလည်းမဟုတ် ငါ့မျက်နှာလည်းနည်းနည်းပါးပါးထောက်အုံး။"" ဒါပေမဲ့ ညစာစားချိန်ကျော်နေပြီလေ မောင်တို့အမြဲညစာအတူတူစားပါမယ်လို့ ကိုကိုကတိပေးထားတဲ့ဟာ။"
နေခြည်မင်းသူ့ကိုယ်သူသာရိုက်လိုက်ချင်သည်။ဒီကောင်လေးကိုဘာကြောင့်များ ၆နာရီဆိုအိမ်အရောက်ပြန်မယ်ကတိပေးထားမိမှန်းမသိ။ မဟုတ်ဘူး သူကပေးတာမဟုတ်ပဲ ထိုကောင်လေးကကူလီကူမာဥာဏ်ဆင်ပြီး မင်္ဂလာဦးညမှာအတင်း ကတိယူသွားခဲ့တာဖြစ်သည်။
" ဘုန်းရာဇာသွေးရယ် ငါကိစ္စရှိတယ်လို့ပြောထားတယ်မလား။
တစ်ခါတလေတော့လည်း အိမ်ပြန်နောက်ကျမှာပေါ့ ထမင်းကိုကိုယ့်ဘာသာမစားတက်ဘူးလား။"" မောင်က ကိုကိုနဲ့ပဲအတူစားချင်တာလေ။ ပြီးတော့ ကိုကို့ကိစ္စမှမဟုတ်တာ ဟိုကောင်ဇာမဏီတိုင်းကိစ္စလေ။ ကိုကိုပြောသလိုပြောကြေးဆို သူလည်းကလေးမှမဟုတ်တာ သူ့ပြဿနာသူ့ဘာသာရှင်းပေါ့ ကိုကိုကဘာလို့အမြဲဝင်ပါနေရတာလဲ။ ကိုကို့ယောက်ျားဖြစ်တဲ့ မောင့်ထက်သူ့ကိုပိုဂရုစိုက်တာလား။"
" ရာဇာသွေး... မင်းမဆိုင်တာတွေမပြောနဲ့ ဇာမဏီတိုင်းကငါ့ယောက်ျားမဟုတ်ဘူး ဒါပေမဲ့ ငါ့မိသားစုဝင်အဖြစ် ငါ့ညီလေးအဖြစ်ငါသတ်မှတ်ထားတာ။
သူ့ကိစ္စကလည်း ငါ့ကိစ္စပဲ ငါ့ကြည့်ရှူခဲ့တဲ့တပည့်လည်းဖြစ်သလို ငါ့မိသားစုဝင်လည်း ဟုတ်တယ်။ မင်းကိုငါရှင်းအောင်ပြောထားပြီးသားနော်။မင်းလည်းအရင်ကဘာကတိပေးထားလဲ။ ဒီကိစ္စကိုပြဿနာထပ်ရှာနေမယ်ဆိုရင်
မင်းနဲ့ငါ တကယ်စာရင်းရှင်းဖို့လိုလာလိမ့်မယ်။"
YOU ARE READING
Mr.International
RomanceOmegaverse(AOB World) fictionပါ။ ဇာမဏီတိုင်း(Mr.International)❤️ရှေးခရိုင် Start Date - 9.4.2024 End Date - ?