Mr.International (Part 46)

13.4K 1.6K 290
                                    

Uni,

Mr.International (Part 46)

ရှေးခရိုင်ထွက်သွားတာရက်4ပတ်ခန့်ရှိပြီဖြစ်ပြီး ဇာမဏီတိုင်းမှာလည်းဒီအတောအတွင်းအရူးတစ်ယောက်လိုပင်။ ဘာကိုမှလုပ်ဖို့စိတ်မပါပဲ ရှေးခရိုင်၏သတင်းကိုသာနားစွင့်နေမိသည်။ သူ့အဆက်အသွယ်မျိုးစုံဖြင့်ရှာဖွေခဲ့ပေမဲ့ ကြွက်ကလေးကအပုန်းတော်လွန်းသည်။ ဘယ်လိုမှအစအနရှာမတွေ့ပေ။

အိမ်ထဲမှာလည်း ဘယ်နေရာကြည့်ကြည့်ရှေးခရိုင်၏ပုံရိပ်တွေနဲ့ပြည့်နှက်နေပြီးသူ့နှလုံးသားဒဏ်ရာကိုပိုဆွနေသလိုပင်။စစချင်းမှာ ရှေးခရိုင်ထွက်သွားတာကိုမယုံကြည်နိုင်သေးပေ ရက်နည်းနည်းကြာတော့စိတ်တိုလာသည်။
ပြန်တွေ့လျှင်ဖင်ကိုနာနာလေးရိုက်ပြီးထားသွားချင်ဦးဆိုကာ အသက်ရှူမဝသည်အထိနမ်းပစ်မည်ဟုတွေးခဲ့သည်။

သို့ပေမဲ့၁လပင်ပြည့်တော့မည် ဘာသတင်းမှမကြားရ။ရှေးခရိုင်ကဘယ်တစ်ဦးတစ်ယောက်ကိုမှမပြောပဲ ထွက်သွားတာဖြစ်သည်။ တဖြည်းဖြည်းဇာမဏီတိုင်းမှာဝမ်းနည်းလာခဲ့သည်။ ဘာကြောင့်များ ထားသွားရက်နိုင်ရတာလဲ။
ထိုနေ့ကသူ့ကိုပြုံးပင်ပြုံးပြနေပြီး အနမ်းလေးတောင်ပေးခဲ့တာက နှုတ်ဆက်အနမ်းဖြစ်နေမည်ဟုမထင်ထားခဲ့ပေ။

သူပြန်လာခဲ့မယ်လို့သေချာပြောခဲ့ပါရက်နဲ့ ဘာလို့များစာလေးတစ်စောင်ထားပြီးပျောက်ကွယ်သွားရတာလဲ။ သူတို့နှစ်ယောက်အရမ်းအဆင်ပြေနေခဲ့တာမဟုတ်ဘူးလား။သူရင်ထဲကခံစားချက်​တွေဖွင့်ဟပြောမည်စိတ်ကူးထားခဲ့ပေမဲ့ ရှေးခရိုင်က နားပင်မထောင်ပဲထွက်သွားခဲ့ပြီဖြစ်သည်။

ရှေးခရိုင်ကိုချစ်ကြောင်းဖွင့်ပြောရန်အမျိုးမျိုးအထွေထွေစာစီကာသေချာစဥ်းစားထားခဲ့သော်လည်း လူကမရှိတော့။ ဇာမဏီတိုင်း ရှေးခရိုင်လုပ်ထားပေးသည့်ဝိုင်ပုလင်းတစ်လုံးကိုဖွင့်ကာ တစ်၀က်ကျိုးသည်အထိမော့သောက်ပစ်လိုက်သည်။ ရှေးခရိုင်က သူ့အသည်းကွဲအောင်အကြံအစည်များချထားသလားမသိ ဝိုင်ကိုပါပြင်ဆင်ပေးသွားခဲ့တာဖြစ်သည်။

" ရှေး...ခင်ဗျားအရမ်းရက်စက်တာပဲ။"

ဇာမဏီတိုင်းမှာ ခပ်တိုးတိုးရေရွတ်ရင်း မျက်ရည်များကျဆင်းလာတော့သည်။
သူ့အမေဆုံးပြီးကတည်းက သူမငိုတာဘယ်လောက်တောင်ကြာခဲ့ပြီးလဲမမှတ်မိတော့ပေ။ အခုတော့သူဝမ်းနည်းစွာဖြင့် ကလေးလေးတစ်ယောက်လိုငိုချပစ်လေတော့သည်။ ရှေး​ခရိုင်မရှိတော့ပေ...ရှေးခရိုင်ဟာသူ့နှလုံးသားကိုယူဆောင်ပြီး ထွက်သွားခဲ့သည်။  

Mr.International Where stories live. Discover now