1

3.8K 76 0
                                    

Unicode....

ရှောင်းကျန့် အမေရဲ့သူငယ်ချင်းဖြစ်သူ ဦးလေးဝမ်ရဲ့အိမ်ကို ပထမဆုံးရောက်တယ့်နေ့က အိမ်ကြီးရဲ့လသာဆောင်ကနေ အေးစက်စက်မျက်ဝန်းတွေနဲ့ သူ့ကို ငုံကြည့်ခဲ့တယ့်ကောင်လေးကို ပထမဆုံးတွေ့ခဲ့တယ်။

ထိုစူးရှလွန်းတယ့်တစ်ဖက်လူရဲ့မျက်ဝန်းအောက်မှာ ရှောင်းကျန့်တိတ်တခိုးရင်ခုန်မိခဲ့သည်။

ဦးလေးဝမ်က ထိုကောင်လေးကသူ့သားဖြစ်ကြောင်းမိတ်ဆက်လာပြီး ရှောင်းကျန့်ထက်တစ်နှစ်လောက်ငယ်ကြောင်းပြောလာတယ်။

ဒုတိယနေ့မှာ ဦးလေးဝမ်က ထမင်းစားဝိုင်းမှာ
"ဒီနေ့ကစပြီး ရှောင်းကျန့်က မင်းရဲ့အစ်ကိုပဲ ကောင်းကောင်းဆက်ဆံလို့ "
ဝမ်ရိပေါ်ကို ပြောခဲ့တယ်။

ဝမ်ရိပေါ်ကတော့ အေးစက်စက်မျက်နှာထားမှာ မပြောင်းလဲပဲ..

" ကျွန်တော် သူနဲ့ညီအစ်ကိုမဖြစ်ချင်ဘူး" တဲ့

ရှောင်းကျန့် စားလက်စဇွန်းကိုလက်ချောင်းတွေနဲ့တင်းတင်းဆုပ်ကိုင်ထားမိတယ်။
ပေါင်ပေါ်တင်ထားတယ့်လက်တစ်ဖက်ကလည်း တင်းတင်းလေးဆုပ်ထားလျက်...

သူလည်းဝမ်ရိပေါ်ရဲ့အစ်ကိုမဖြစ်ချင်ပါဘူး..အနည်းဆုံးတော့ သူငယ်ချင်း အနေနဲ့ပဲဖြစ်ချင်တာ..

ဦးလေးဝမ်က ရှောင်းကျန့်ကို ကျောင်းအပ်ဖို့အတွက်အလုပ်တွေများနေတယ့်အချိန် ရှောင်းကျန့်က အမြဲတမ်း စကိတ်ကွင်းမှာ စကိတ်စီးလေ့ကျင့်နေတယ့်ဝမ်ရိပေါ်ကို အဝေးကနေခိုးခိုးကြည့်လေ့ရှိသည်။

စကိတ်စီးပြီးအိမ်ထဲကိုဝင်လာတယ့်ဝမ်ရိပေါ်က နားရွက်တွေနီနေပြီး နှာတံလုံးလုံးလေးမှာလည်းချွေးတွေစို့နေကာ နဖူးပေါ်ချွေးတွေကြောင့် ဆံပင်ကိုသပ်တင်ထားတယ့်ဝမ်ရိပေါ်
ကြောင့် ရှောင်းကျန့်မှာ နှလုံးသားကအပြင်ဘက်ကိုခုန်ထွက်တော့မလိုပင်။

အဲ့ဒီအချိန်တိုင်း ဝမ်ရိပေါ်ကိုမျက်တောင်မခတ်ငေးကြည့်မိတယ့်အချိန်တိုင်း ဝမ်ရိပေါ်က ရှောင်းကျန့်ကို မကြည်ဟန် အကြည့်လွဲဲပြီးရှောင်ထွက်တတ်သည်။

I'm wait for you   { Completed }Where stories live. Discover now