19

918 42 0
                                    

.(စာမစစ်ထားပါ  အရှေ့မှာတင်ထားတယ့်အပိုင်းတွေထဲက ဖတ်လို့အတော်အဆင်မပြေတယ့်အထိမှားနေရင်ထောက်ပြပေးကြပါနော်  )

Unicode......

Aမြို့တော်ရဲ့လေဆိပ်.....

သတင်းမီဒီယာသမားများနှင့်ကင်မရာသမားများမှာ လေဆိပ်အဝင်ပေါက်တွင်စုပြုံလျက် တစ်စုံတစ်ယောက်ကို သည်းသည်းမဲမဲစောင့်နေကြသည်။

လေဆိပ်ဝင်ပေါက်ကနေ အနီရောင်ကိုယ်ကျပ်ကိုဝတ်ထားတယ့်အမျိုးသမီးထွက်လာသည်နှင့် အပြေးအလွှား ဓာတ်ပုံရိုက်နေကြသည်။

သတင်းတင်ဆက်သူများက အလုအယက်မေးနေကြတယ်။

" မစ္စတာမေ ဘာလို့များတရုတ်ပြည်ကိုပြန်လာရတာလည်းဗျာ..WXကုမ္ပဏီရဲ့ဥက္ကဌနဲ့ကွာရှင်းပြီးနောက် တရုတ်ပြည်ကိုပြန်မလာခဲ့တာ ဆယ်နှစ်ကျော်ခဲ့ပြီ အခုအချိန်မှာပြန်လာရတာကဘာအတွက်ကြောင့်လည်း"

အနီရောင်နဲ့ အမျိုးသမီးက မျက်မှန်ကိုလက်ညိုးနဲ့ပင့်တင်လိုက်ကာ...

" ကျွန်မသားကို ပြန်ခေါ်ဖို့ရောက်လာတာကို ရှင်တို့ကိုအစီအရင်ခံနေရအုံးမလား "

သတင်းသမားများကို လုံခြုံရေးတွေကိုတားထားတာကြောင့် မေကျင့်ယာ မော့မော့ကြော့ကြော့ဖြင့် အဆင့်မြင့်ကားထဲကိုဝင်သွားသည်။

ကားထဲရောက်သည်နှင့် မေကျင့်ယာမျက်မှန်ကိုချွတ်လိုက်ကာ မျက်ရိုးကိုလက်နဲ့ဖိနှိပ်လိုက်သည်။

"..စံအိမ်တော်ကိုရောက်ဖို့ ဘယ်လောက်လိုသေးလည်း "

" တစ်နာရီလောက်လိုပါသေးတယ် သခင်မလေးပင်ပန်းနေရင်အိပ်လိုက်ပါလား ရောက်မှကျွန်တော်ပြန်နိုးပေးပါမယ်"

" ကောင်းပြီ စိုင်ရို"

သူမကို ပြန်လာလို့မရအောင်လုပ်နေတယ့်လူကြောင့်
မေကျင့်ယာမှာ လပိုင်းလောက်ကြာမှတရုတ်ကိုပြန်ခွင့်ရတော့သည်။

သူမရဲ့လန်ဒန်မှာရှိတယ့်ကုမ္ပဏီခွဲတစ်ချို့မှာဒေဝါလီခံရလုနီးပါးဖြစ်ကုန်ကာ ထိုကိစ္စကိုဖြေရှင်းဖို့ သူမ ရိပေါ်ဖက်ကိုကြည့်ဖို့ အချိန်မရှိတော့။

I'm wait for you   { Completed }Where stories live. Discover now