Unicode ...
" ဥက္ကဌ အဆင်ပြေရဲ့လားဗျာ ဒီမှာအမူးပြေအောင်ဒါလေးသောက်လိုက်ပါအုံး "
လက်ထောက်ယူဂျင်းကမ်းပေးလာတယ့်သပုရာအချိုရည်ဗူးကိုယူလိုက်ပြီးဖောက်သောက်လိုက်တော့ခေါင်းနည်းနည်းကြည်သွားသည်။
ရှောင်းကျန့် ကားနောက်ခုံကိုမှီနေပြီး မျက်နှာမှာအနည်းငယ်နွမ်းလျက်..
" ဒီနေ့ရဲ့အလုပ်ချိန်ဇယားက? "
" ဒီနေ့နေ့လည်၁၁နာရီကျ Mr. Lanဆိုသူနဲ့ချိန်းထားတာရှိပါတယ် တွေ့ရမယ့်နေရာက Xxဟိုတယ်မှာပါ ညနေပိုင်းမှာက Vကုမ္ပဏီရဲ့ဒါရိုက်တာနဲ့တွေ့ရမှာ ဒီမနက်ပိုင်းကတော့ ဥက္ကဋ္ဌ အဆင်ပြေမယ်မထင်လို့ချိန်းထားတာအကုန်လုံးကိုလက်မခံလိုက်ပါဘူး "
" ကောင်းပြီ ငါ့ကိုကုမ္ပဏီကိုပဲပို့ပေးတော့ အိမ်ကိုမသွားနဲ့ "
" ဟုတ်ကဲ့ ဥက္ကဋ္ဌ "
ယူဂျင်း ဥက္ကဌကိုဘားကနေတန်းခေါ်ထုတ်ပြီးကုမ္ပဏီသို့သွားလိုက်သည်။
မနေ့ညက ဥက္ကဌ ကိုဘားသို့ပို့ပြီးနောက် တစ်ညလုံးဘားမှာပဲနေပြီး ယူဂျင်းလည်း ဥက္ကဋ္ဌကိုမနက်ပိုင်းမှ သီးသန့်အခန်းထဲကနေထွက်လာတာကို မြင်တာဖြစ်သည်။
ဥက္ကဌ ရဲ့နူတ်ခမ်းမှာကိုက်ရာတချို့ရှိနေပြီး ယောင်နေတာကို ယူဂျင်းတွေ့တာမို့အတော်လေးအံ့ဩနေကာ ဥက္ကဌ မျက်စိကျသွားတယ့်ရှားရှားပါးပါးလူကို သိချင်ပေမယ့် မနေ့ညက ဘယ်သူနဲ့ရှိနေတာလည်းတော့မမေးရဲပေါင်။
" မဂ်လာနံနက်ခင်းလေးပါ ဥက္ကဌ "
" Morning "
ရှားရှားပါးပါး ဝန်ထမ်းတွေနူတ်ဆက်တာကို ရှောင်းကျန့်ပြန်နူတ်ဆက်နေသည်။မနေ့ညက အိပ်မက်ကောင်းခဲ့သည်မို့ဒီနေ့ရှောင်းကျန့်စိတ်ကြည်နေတယ်။
" ဥက္ကဋ္ဌကိုနူတ်ဆက်တယ့်အခေါက်မှာ ဒါပထမဆုံးပြန်အနူတ်ဆက်ခံရတာပဲ "
ဝန်ထမ်းကခပ်တိုးတိုးဆိုရင်းအဝေးကိုထွက်သွားတယ်။
ရှောင်းကျန့်ရုံးခန်းအထပ်ကိုရောက်သောလည်း နူတ်ဆက်လာတယ့်ဝန်ထမ်းတိုင်းကိုပြန်နူတ်ဆက်နေသည်။
YOU ARE READING
I'm wait for you { Completed }
Roman d'amourUnicode.. အမေရဲ့သူငယ်ချင်းရဲ့အိမ်မှာလိုက်နေဖို့အကြောင်းဖန်လာတယ့်အခါ အမေ့သူငယ်ချင်းရဲ့သားဖြစ်သူ ဝမ်ရိပေါ် ကိုမြင်မြင်ချင်းချစ်မိသွားတယ့်ရှောင်းကျန့်က ဘယ်လိုမျိုး ဝမ်ရိပေါ်ကိုအရယူမလည်း?? ဒါမှမဟုတ် တစ်ဖက်လူကရော ရှောင်းကျန့်လိုပဲထပ်တူခံစားချက်များရှိန...