24

836 32 2
                                    

Unicode....  ( စာလုံးပေါင်းမစစ်ထားပါ )

နေသာပြီး ကောင်းကင်တွေတိမ်တွေကြည်လင်နေတယ့်အခိုက် WXကုမ္ပဏီရဲ့ ဥက္ကဌရုံးခန်းထဲမှာတော့ အချိန်မရွေးမုန်တိုင်းထတော့မယ်နှယ်...

ရုံးခန်းထဲကိုအတင်းဇွတ်ဝင်လာတယ့်မိန်းကလေးကြောင့် ယူဂျင်းမှာ နဖူးပေါ်ကချွေးတွေကိုတိတ်တဆိတ်သုတ်လိုက်တယ်။

ငါ့ဘဝတော့ ဒီနေ့အပြင်ကရာသီဥတုလိုသာယာတော့မယ်မထင်ဘူး အိုင်း!!

" မမလေး အပြင်ကိုထွက်ပေးပါဗျာ ဥက္ကဌကအလုပ်များနေလို့ နောက်မှလာတွေ့လိုက်ပါ "

" ငါလာတွေ့တာဆယ်ခေါက်မကရှိနေပြီ အမြဲတမ်းထွက်မတွေ့ဘူးလေး ဒီတစ်ခေါက်တော့ သူနဲ့တွေ့ရမှဖြစ်မယ် "

ရုံးခန်းထဲက ဆိုဖာပေါ်မှာအခန့်သားထိုင်နေတယ့်မမလေးဟုန်ယောင်ကြောင့် ယူဂျင်းတကယ်ကိုခေါင်းကိုက်နေပါပြီ..

မကြာပင် ရုံးခန်းတံခါးပွင့်လာပြီး ခြေတံရှည်ရှည်နဲ့ခန့်ညားတယ့်ဥက္ကဌရှောင်းကျန့်ကဝင်လာခဲ့တယ်။

ရှောင်းကျန့် ခပ်သွက်သွက်ဝင်လာရင်း မျက်မှောင်ကြုံလိုက်ကာ..

" ဟုန်ယောင် ဒီနေရာကမင်းရှိသင့်တယ့်နေရာမဟုတ်ဘူး "

" ရှင်ကအတွေ့မခံတော့ ဒီလိုပဲဝင်လာရတာပေါ့ရှင့် "

ဟုန်ယောင် မဲ့ရွဲ့ပြီးပြောလိုက်ကာ ရှောင်းကျန့်ကိုစပြီးပူဆာတော့တယ်။

" ဥက္ကဋ္ဌရှောင်းရယ် ရှင့်ကိုတစ်ခါပဲကူညီခိုင်းလိုက်တာပါ ကျွန်မတို့ကလုပ်ဖော်ကိုင်ဖော်ပဲကို.. "

" မကူညီနိုင်ဘူး "

ဟုန်ယောင် နောက်ဆုံးရှိခိုးမတတ်တောင်းဆိုလိုက်ရတော့သည်။

" နိုင်ငံခြားကို ဒယ်ဒီကပြန်လာခိုင်းနေပြီ ငါ့ကို ယောကျာ်းပေးစားဖို့ပဲဆိုတာငါသိနေလို့ နင့်ကိုငါ့ကောင်လေးအဖြစ် ငါ့အဖေလက်လျှော့အောင်ကူညီခိုင်းရုံပါ "

ချစ်စရာလေးမျက်နှာလေးက ငိုမဲ့မဲ့ဖြင့် လက်အုပ်လေးချီကာပြောနေသည်မှာသနားစဖွယ်။
သူမက မကြာခင်အသက်သုံးဆယ်ပြည့်တော့မှာကြောင့်အိမ်ကလူတွေကအတင်းကိုလင်ပေးစားဖို့လုပ်နေတော့သည်။

I'm wait for you   { Completed }Where stories live. Discover now