Zawgyi....
ရှောင်းကျန့်အခု ခေါင်းပေါက်ထွက်မတတ် စဉ်းစားရခက်နေတယ်..ဒီနေ့တင် ဝမ်ရိပေါ်မွေးနေ့ရောက်တော့မှာမို့ ဘာလက်ဆောင်ပေးရမလည်းဆိုတာကိုမသိသေးပင်။
ရိပေါ်ရဲ့၁၈နှစ်ပြည့်မွေးနေ့ကို ဒီတစ်ညလုံး ဝမ်အိမ်တော်မှာပွဲအကြီးအကျယ်ကျင်းပမို့ တစ်အိမ်လုံးကအကူတွေက အလုပ်ရှုပ်နေကြပေမယ့် မွေးနေ့ရှင်ကတော့ အခန်းထဲမှာစာလုပ်နေသည်။
ရိပေါ်မွေးနေ့ပြီးရင် စာမေးပွဲကစလာတော့မှာမို့ ရက်တိုင်း ရှောင်းကျန့်မှာစာကိုမမေ့မလျော့လုပ်နေရသည်။
ရိပေါ်လို့ ထိပ်ဆုံးနေရာကနေမဆင်းတယ့်သူကစာကိုလုပ်နေတာမြင်တော့ ရှောင်းကျန့်မှာလည်းလုပ်နေရသည်။
ရှောင်းကျန့် ဖုန်းထုတ်ကာ ဝေ့ပေါ်က မဝင်ဖြစ်တော့ တာကြာပြီဖြစ်တယ့်အကောင့်ကနေ *ကိုယ်ကြိုက်နေရတယ့်သူရဲ့မွေးနေ့မှာဘယ်လိုလက်ဆောင်မျိုးပြင်ထားသင့်လည်း * ဆိုတဲ့စာကြောင်းကိုတင်လိုက်တယ်။
ရှောင်းကျန့်အကောင့်ကတင်တယ့်ပိုစ့်ကို ရှောင်းကျန့်နဲ့Followလုပ်ထားတယ့် အကောင့်တွေက ဝင်မန့်ကြသည်။
" ရှင့်ကိုရှင်လက်ဆောင်အဖြစ်ထုတ်ပိုးပြီးသူ့ကို စပရိုက်!! ဆိုပြီးလက်ဆောင်ပေးလိုက်ပေါ့ရှင့်..ရှင့်ကြိုက်နေတယ့်သူက ရှင့်လိုချောချောလေးကို ငြင်းမှာမဟုတ်ဘူး "
* မဖြစ်နိုင်လောက်ဘူး *" အားး အခုမှပြန်ပေါ်လာတော့တယ် ကောကောက ပေါ်လာချင်း ဒီလိုရင်နာစေတယ့်ပိုစ့်ကိုတင်ရက်လှချေရဲ့.."
* စာတွေနဲ့လုံးနေရတော့ မအားတော့လို့ပါ*
" မောင်လေး ပျောက်သွားတာကြာတယ်နော်..အလုပ်လုပ်နေတယ့်နေရာကိုသွားတော့ မောင်လေးကအလုပ်ထွက်သွားပြီတဲ့ "
* စာကိုပဲအာရုံပိုစိုက်ချင်လို့ပါဗျာ *
" သောက်နေကျ ကော်ဖီလေးတောင် ဖျော်တယ့်လူကမောင်လေးမဟုတ်လို့ မချိုမြိန်တော့ဘူး "
*ကျဲကျဲအပြောလောက်မချိုပါဘူး*
ရှောင်းကျန့် သူ့ပိုစ့်အောက်မာ ဖြစ်ပျက်နေကြတယ့်မန့်တွေတိုင်းကိုဖတ်ကာ ရီပလိုင်းပြန်လိုက်သည်။
YOU ARE READING
I'm wait for you { Completed }
RomanceUnicode.. အမေရဲ့သူငယ်ချင်းရဲ့အိမ်မှာလိုက်နေဖို့အကြောင်းဖန်လာတယ့်အခါ အမေ့သူငယ်ချင်းရဲ့သားဖြစ်သူ ဝမ်ရိပေါ် ကိုမြင်မြင်ချင်းချစ်မိသွားတယ့်ရှောင်းကျန့်က ဘယ်လိုမျိုး ဝမ်ရိပေါ်ကိုအရယူမလည်း?? ဒါမှမဟုတ် တစ်ဖက်လူကရော ရှောင်းကျန့်လိုပဲထပ်တူခံစားချက်များရှိန...