18

169 6 0
                                    

Unicode......(Warning ⚠)

" တင်ပါးကိုမြင့်မြင့်ထား ဖြန်း! "

" အင့်!"

ဖြူဖွေးနေတယ့်တင်ပါးထက်တွင် အနီရောင်အစင်းကြောင်းများပေါ်လာတော့သည်။

ရှောင်းကျန့် ငိုမဲ့မဲ့ဖြင့် ဝမ်ရိပေါင်ပေါ် မှောက်လျက်လေးရှိနေပြီး တင်ပါးမှာ တစ်ချက်ပြီးတစ်ချက်အရိုက်ခံနေရသည်။

" နောက်တစ်ခါဆိုးအုံးမှာလား  "

" ..မဆိုးတော့ပါဘူး ဟင့် အရမ်းနာတာပဲ ရိပေါ်"

" ဖြန်း!"

" အား "

အထက်တန်းနောက်ဆုံးစာမေးပွဲကြီးနီးလာတယ့်အချိန်မှာ အရေးပေါ်ခန်းကိုရောက်သွားတယ့်ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်မှာရူးသွားတော့မလိုပေ။

အရေးပေါ်မှာ သုံးလေးရက်ပဲနေရမယ်ဆိုပေမယ့်ဝမ်ရိပေါ်ကစိုးရိမ်နေဆဲဖြစ်ကာ တစ်ပါတ်လောက်ဆေးရုံဆန်ပြုတ်နဲ့နှစ်ပါးသွားခဲ့ရသည်။

အခုလည်း စာကိုအေးဆေးလုပ်ချင်လို့ဆိုပြီး အခန်းခွဲအိပ်မယ်လို့ရှောင်းကျန့်ကပြောလာလို့ ဝမ်ရိပေါ်ကမခွဲချင်နဲ့ခွဲပေးရသည်။

ဒါကို ဒီအဆိုးလေးက သူမရှိတာကိုအခွင့်ကောင်းယူပြီး ကျောင်းကနေတိတ်တိတ်လေးဝယ်လာတယ့်အစပ်မုန့်တွေကိုခိုးစားနေပြန်တယ်။

ဝမ်ရိပေါ် စိတ်ဆိုးလွန်းလို့ ရှောင်းကျန့်ဘောင်းဘီကိုချွတ် လက်ဖဝါးနဲ့ရိုက်တော့သည်။

ရှောင်းကျန့် တောင်းပန်ပေမယ့်ဝမ်ရိပေါ်က တစ်ချက်ပြီးတစ်ချက်ရိုက်နေသည်။

" အူးဝါး..မင်းငါ့ကို အရသာပေါ့တယ့်ဟင်းတွေဆန်ပြုတ်တွေပဲနေ့တိုင်းကျွေးနေတာ! ! အစပ်နည်းနည်းလေးပဲကို ဝူးး ငါ့ကိုနာအောင်လုပ်တယ် ဦးလေးဝမ်နဲ့ရော အန်တီချန်နဲ့ရောတိုင်မယ် "

ရှောင်းကျန့်တကယ်ငိုသွားတော့ ဝမ်ရိပေါ်ကလက်ကိုရပ်လိုက်ပြီး နီရဲနေတယ့်တင်ပါးလေးကိုဖွဖွလေးပွတ်လိုက်တယ်။

ရှောင်းကျန့်ကို မျက်နှာချင်းဆိုင်အနေအထားနဲ့ပွေ့လိုက်ပြီး မျက်ရည်တွေကိုသုတ်လိုက်တယ်။

I'm wait for you   { Completed }Where stories live. Discover now