Unicode.......
ရှောင်းကျန့်နိုးလာတော့ ညတောင်ရောက်သွားပြီ!!!
လည်ချောင်းကခြောက်ကပ်နေတာကြောင့် ဘေးကရေကိုယူဖို့လုပ်လိုက်သည်။
နာကျင်နေတယ့်ခါးကို သည်းခံပြီး အိပ်ရာပေါ်ကနေထဖို့လုပ်ပေမယ့် အနောက်ကနေနွေးထွေးတယ့်လက်တစ်ဖက်က အနီရောင်အမှတ်ပြည့်နှက်နေတယ့်ရှောင်းကျန့်ခါးကိုဖက်တွယ်လာပြီး ဝမ်ရိပေါ်ရင်ခွင်ထဲတင်းကျပ်စွာထွေးပွေ့ခံလိုက်ရသည်။
" ..ရိပေါ် ငါရေဆာတယ်"
" အိပ်နေလိုက်အုံး လှုပ်ရှားရင်ပိုနာလိမ့်မယ်"
ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့်ရှက်သွားရကာ အက်ကွဲနေတယ့်သူ့အသံကြောင့်မျက်နှာမှာ ခရမ်းချည်သီးမှည့်လိုဖြစ်နေပြီ။
ဝမ်ရိပေါ် ရေယူလိုက်ပြီး ဖန်ခွက်ထဲဖြည့်ကာ ရှောင်းကျန့်ကိုတိုက်လိုက်သည်။
ပူပူပြင်းပြင်းအချစ်ခရီးလေးပြီးသွားတော့ အရင်ကထက်ဝမ်ရိပေါ်က ရှောင်းကျန့်ကိုပိုကပ်လာကာအဖြစ်သည်းလာသည်။
" ငါတို့ ညစာပွဲလွှတ်သွားပြီလား"
ကျောင်းကပျော်ပွဲစားမို့ ညပိုင်းမှာ ကမ်းခြေမှာလွှတ်လွှတ်လပ်လပ်သောက်စားပျော်ပါးကြဖို့ ဆရာမတွေက ခွင့်ပြုပေးထားသဖြင့် ကျောင်းသားအများက အသက်မပြည့်သေးတာကြောင့် အရက်နေရာမှယအချိုရည်များအဖြစ်သာအစားထိုးဖို့အကုန်လုံးကသဘောတူကြသည်။
ဝမ်ရိပေါ် ခေါင်းငုံ့ကာ ရှောင်းကျန့်ပါးကိုနမ်းလိုက်ပြီးပြန်ဖြေလိုက်တယ်။
" သူတို့၈နာရီမှစမှာ လို့လာပြောထားတယ် အခုက၇နာရီပဲရှိသေးတယ် ထပ်ပြီးအနားယူလိုက်အုံး"
" အင်း "
ဝမ်ရိပေါ် က ကုတင်ခေါင်းရင်းကိုမှီပြီး အာရုံစိုက်ပြီး ဖုန်းကိုကလိနေသည်။
ရှောင်းကျန့် သူ့ခန္ဓာကိုယ် ကစေးကပ်မနေဘဲအဆင်ပြေနေတာကြောင့် ဝမ်ရိပေါ်ကို ပါးစပ်ကနေလွှတ်ကနဲ့မေးမိလိုက်သည်။
" ငါ့ကိုသန့်ရှင်းပေးခဲ့တာလား"
" အင်း ပြီးတော့ ဆေးထည့်ပေးထားတယ် ဒီတစ်ညအနားယူလိုက်ရင် မနက်ဖြန်သက်သာလိမ့်မယ် "

YOU ARE READING
I'm wait for you { Completed }
RomantikUnicode.. အမေရဲ့သူငယ်ချင်းရဲ့အိမ်မှာလိုက်နေဖို့အကြောင်းဖန်လာတယ့်အခါ အမေ့သူငယ်ချင်းရဲ့သားဖြစ်သူ ဝမ်ရိပေါ် ကိုမြင်မြင်ချင်းချစ်မိသွားတယ့်ရှောင်းကျန့်က ဘယ်လိုမျိုး ဝမ်ရိပေါ်ကိုအရယူမလည်း?? ဒါမှမဟုတ် တစ်ဖက်လူကရော ရှောင်းကျန့်လိုပဲထပ်တူခံစားချက်များရှိန...