2

1.7K 65 0
                                    

Unicode..

ဒီနေ့က ရှောင်းကျန့် ပထမဆုံးကျောင်းတက်ရမည့်နေ့...

ရှောင်းကျန့်အရင်ကတက်ခဲ့တယ်ကျောင်းတွေထက် မြို့ကအထက်တန်းကျောင်းတွေတပုံကြီးသာတယ်ဆိုတာသိထားသည်။

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ကို ဦးလေးဝမ်က ကျောင်းကို ကိုယ်တိုင်လိုက်ပို့ပေးသည်။

" သား ရှောင်းကျန့်ကို ကျောင်းမှာဂရုစိုက်ပေးအုံးနော် နေရာစိမ်းမှာမို့ အားငယ်နေလိမ့်မယ်"

" အင်း "

" ရှောင်းကျန့် ကျောင်းမှာ အဆင်မပြေတာရှိရင် ရိပေါ်စီအကူအညီတောင်းနော် သူကကျောင်းသားခေါင်းဆောင်.."

" ဝိုးး ဟုတ်ကဲ့ ဦးလေးဝမ် "

ရှောင်းကျန့် လေးစားနေတယ့်အကြည့်ဖြင့် ဝမ်ရိပေါ်ကိုကြည့်ကာ သွားများပေါ်တယ့်အထိရယ်ပြလိုက်တယ်။

ဝမ်ရိပေါ် ရဲ့လည်ဇလုတ်ကအထက်အောက်ရွှေ့သွားပြီ မျက်နှာကိုတော့တစ်ဖက်လှည့်ထားတယ်။

" ဟုတ်ပြီ ညနေကျရင် ဒါရိုင်ဘာချန်းကလာကြိုလိမ့်မယ် ရိပေါ်နဲ့အတူပြန်လာပေါ့.."

" ဟုတ်ကဲ့ ဦးလေးဝမ် "

ဝမ်ရိပေါ်က အရင်ဆုံးကားပေါ်ကနေဆင်းသွားတာမို့ရှောင်းကျန့်လည်း ဆင်းကာ ဝမ်ရိပေါ်နောက်လိုက်နေမိသည်။

ရှောင်းကျန့် မျက်လုံးကိုပြူးကာ ကျောင်းဝန်းကြီးကိုပတ်လည်လိုက်ကြည့်နေတယ်။

နည်းတယ့်အဆောက်အအုံတွေမဟုတ်ဘူး!!
ရှောင်းကျန့်အရင်နေခဲ့တယ့်ကျောင်းဆို အဆောက်အအုံမများချေ...
အမြင့်ဆုံးအဆောက်အအုံဆို နှစ်ထပ်ဆောင်သာရှိတယ်..

ပြီးတော့အဆောက်အအုံတွေဆို ဆို ရှောင်းကျန့်ရဲ့လက်နှစ်ဖက်နဲ့တောင်ရေတွက်လို့ရမယ်မထင်ပင်။

ရှောင်းကျန့် ပတ်ကြည့်လို့ဝသွားမှ ဘေးပတ်ဝန်းကျင်ကိုသတိထားမိတော့တယ်။

ရှောင်းကျန့်တို့အနားကိုဖြတ်သွားတယ့်ကျောင်းသူတိုင်းက ဝမ်ရိပေါ်ကိုခိုးကြည့်သူကကြည့် ပေါ်တင်ကြည့်သူကကြည့်နေကြသည်။
တစ်ချို့ကျောင်းသားတွေဆို စွဲလန်းနေတော့အကြည့် ဝမ်ရိပေါ်ကို ကြည့်နေသည်။

I'm wait for you   { Completed }Where stories live. Discover now