7

1.3K 46 0
                                    

Unicode.....

ရှောင်းကျန့်အခု ခေါင်းပေါက်ထွက်မတတ်  စဥ်းစားရခက်နေတယ်..ဒီနေ့တင် ဝမ်ရိပေါ်မွေးနေ့ရောက်တော့မှာမို့ ဘာလက်ဆောင်ပေးရမလည်းဆိုတာကိုမသိသေးပင်။

ရိပေါ်ရဲ့၁၈နှစ်ပြည့်မွေးနေ့ကို ဒီတစ်ညလုံး ဝမ်အိမ်တော်မှာပွဲအကြီးအကျယ်ကျင်းပမို့ တစ်အိမ်လုံးကအကူတွေက အလုပ်ရှုပ်နေကြပေမယ့် မွေးနေ့ရှင်ကတော့ အခန်းထဲမှာစာလုပ်နေသည်။

ရိပေါ်မွေးနေ့ပြီးရင် စာမေးပွဲကစလာတော့မှာမို့ ရက်တိုင်း ရှောင်းကျန့်မှာစာကိုမမေ့မလျော့လုပ်နေရသည်။

ရိပေါ်လို့ ထိပ်ဆုံးနေရာကနေမဆင်းတယ့်သူကစာကိုလုပ်နေတာမြင်တော့ ရှောင်းကျန့်မှာလည်းလုပ်နေရသည်။

ရှောင်းကျန့် ဖုန်းထုတ်ကာ ဝေ့ပေါ်က မဝင်ဖြစ်တော့ တာကြာပြီဖြစ်တယ့်အကောင့်ကနေ  *ကိုယ်ကြိုက်နေရတယ့်သူရဲ့မွေးနေ့မှာဘယ်လိုလက်ဆောင်မျိုးပြင်ထားသင့်လည်း * ဆိုတဲ့စာကြောင်းကိုတင်လိုက်တယ်။

ရှောင်းကျန့်အကောင့်ကတင်တယ့်ပိုစ့်ကို ရှောင်းကျန့်နဲ့Followလုပ်ထားတယ့် အကောင့်တွေက ဝင်မန့်ကြသည်။

" ရှင့်ကိုရှင်လက်ဆောင်အဖြစ်ထုတ်ပိုးပြီးသူ့ကို စပရိုက်!! ဆိုပြီးလက်ဆောင်ပေးလိုက်ပေါ့ရှင့်..ရှင့်ကြိုက်နေတယ့်သူက ရှင့်လိုချောချောလေးကို ငြင်းမှာမဟုတ်ဘူး "
* မဖြစ်နိုင်လောက်ဘူး *

" အားး အခုမှပြန်ပေါ်လာတော့တယ် ကောကောက ပေါ်လာချင်း ဒီလိုရင်နာစေတယ့်ပိုစ့်ကိုတင်ရက်လှချေရဲ့.."

* စာတွေနဲ့လုံးနေရတော့ မအားတော့လို့ပါ*

" မောင်လေး ပျောက်သွားတာကြာတယ်နော်..အလုပ်လုပ်နေတယ့်နေရာကိုသွားတော့ မောင်လေးကအလုပ်ထွက်သွားပြီတဲ့ "

* စာကိုပဲအာရုံပိုစိုက်ချင်လို့ပါဗျာ *

" သောက်နေကျ ကော်ဖီလေးတောင် ဖျော်တယ့်လူကမောင်လေးမဟုတ်လို့ မချိုမြိန်တော့ဘူး "

*ကျဲကျဲအပြောလောက်မချိုပါဘူး*

ရှောင်းကျန့် သူ့ပိုစ့်အောက်မာ ဖြစ်ပျက်နေကြတယ့်မန့်တွေတိုင်းကိုဖတ်ကာ ရီပလိုင်းပြန်လိုက်သည်။

I'm wait for you   { Completed }Where stories live. Discover now