20

168 7 0
                                    

(: ဖတ်လို့အဆင်မပြေတယ့်အထိ စာလုံးပေါင်းမှားနေရင် ထောက်ပြပေးကြပါရှင့်)

Unicode .......

မေကျင့်ယာ ဗီလာကနေမောင်းထုတ်ခံရပြီးနောက် သူမရဲ့ဒေါသများကအထိန်းအကွပ်မဲ့လျက် ပေါက်ကွဲထွက်သွားတော့သည်။
မေကျင့်ယာ ကားတံခါးကိုပြင်းထန်စွာဆောင့်ပိတ်လိုက်ပြီး ထိုနေရာကနေထွက်လာခဲ့တယ်။

သူမအနေနဲ့ ဒီလိုအရှက်ရမူကိုလုံးဝမကြုံတွေ့ခဲ့ဖူးပေ။

လှပနေတယ့်မျက်နှာဟာ အကျည်းတန်စွာမဲ့ရှုံ့နေလျက် သူမ၏အချိန်ကာလကြာဖုံးကွယ်ထားခဲ့ရသောမကောင်းဆိုးဝါးစိတ်များပေါ်ပေါက်လာရသည်။

အကုန်လုံးကိုသတ်!!! မင်းစကားကိုနာမခံတယ့်သူတိုင်းကိုသတ်ပစ်!!!

သူမရဲ့စိ​တ်ထဲကတစ်နေရာ ပြင်းထန်စွာတိုက်တွန်းနေသည်။

မေကျင့်ယာ သူမစံအိမ်တော်ကိုပြန်ရောက်တော့ လက်ထောက်ဖြစ်သူစိုင်ရိုက စိတ်ပူစွာနဲ့သူမကိုစောင့်နေတာကိုတွေ့လိုက်ရတယ်။

စိုင်ရိုကိုကြည့်ရင်း မေကျင့်ယာစိတ်သက်သာရာရသွားတယ်။
အနည်းဆုံးတော့ သူမစကားကိုမြေဝယ်မကျနာခံတယ့်လူရှိသေးတာပဲ....

" သခင်မလေး ဘယ်ကိုသွားတာလည်း "

" ငါ့အတွက် ကော်ဖီတစ်ခွက်ဖျော်ပေးစမ်း ခေါင်းတွေကိုက်နေတယ် နောက်မှနင့်ကိုရှင်းပြမယ် "

" ကောင်းပါပြီ "

စိုင်ရို ထသွားလိုက်ပြီး သခင်မလေးအတွက်ကော်ဖီဖျော်ပေးနေသည်။
သူ့သခင်မလေးက ကော်ဖီဆိုခါးသက်သက်ပဲကြိုက်တာ..အချိုပါရင်လုံးဝကိုမသောက်ပင်။

ဝမ်အိမ်တော်တွင်.......

" ကျန့်ကော ဘယ်တုန်းကနိုးနေတာလည်း "

" နိုးလာလို့မင်းကိုမတွေ့တာနဲ့ဆင်းလာတာ.. ခဏကအမျိုးသမီးကဘယ်သူလည်း??"

တော်သေးတာက အစကနေအဆုံးထိကျန့်ကောမရှိလို့ပေ။
မဟုတ်ရင် ဝမ်ရိပေါ်အနေနဲ့ အမေ့စီက ပြင်းထန်တယ့်စကားတွေကို ကျန့်ကောကိုကြားခွင့်ပေးမှာမဟုတ်။

ဝမ်ရိပေါ် ကျန့်ကောအနားလျှောက်သွားလိုက်ပြီး ခါးကိုလက်နှစ်ဖက်နဲ့တင်းတင်းပွေ့ဖက်လိုက်တယ်။

I'm wait for you   { Completed }Where stories live. Discover now